DVB Logo
Home
နိုင်ငံတကာ
ရက် ၃၀ အပစ်ရပ်ရေးကို ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်း ရေးရာ၌ သုံးနိုင်ဟု ဇလန်စကီးပြော
DVB
·
March 13, 2025
ရက် ၃၀ အပစ်ရပ်ရေးကို ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်း ရေးရာ၌ သုံးနိုင်ဟု ဇလန်စကီးပြော
Donate to DVB

ရုရှား ကျူးကျော်မှုကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး အခုသီတင်းပတ်အတွင်း အမေရိကန်နဲ့ ယူကရိန်းတို့ကြား တွေ့ဆုံမှုကို ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက မတ် ၁၂ ရက်မှာ ချီးကျူးခဲ့ပါတယ်။

ပိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရေးဆွဲဖို့ အခု အဆိုပြုထားတဲ့ အပစ်အခတ် ရပ်စဲရေးကို သုံးနိုင်တယ်လို့လည်း ဇလန်းစကီးက ပြောခဲ့ပါတယ်။

ရုရှားနဲ့ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး ဆော်ဒီအာရေဗျမှာ ယူကရိန်းအရာရှိတွေက သဘောတူပြီးတဲ့နောက် ယူကရိန်းနဲ့ စစ်ရေးအကူအညီတွေ၊ ထောက်လှမ်းရေး မျှဝေမှုတွေကို ပြန်စတင်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုက မတ် ၁၁ ရက်မှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အိမ်ဖြူတော်မှာ ဇလန်းစကီးနဲ့ ဒေါ်နယ်ထရမ့်ပ် တို့ကြား ထိပ်တိုက်တွေ့ဆုံမှုအပြီး ဂျက်ဒါမြို့က အစည်းအဝေးမှာ အမေရိကန်နဲ့ ယူကရိန်းအကြား တင်းမာမှုတွေကို လျှော့ချနိုင်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက ဂျက်ဒါမြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီးမှာ အမေရိကန်က ရုရှားဆီကို ကမ်းလှမ်းချက် လွှဲပေးလိုက်ပြီး အခုတော့ ဘောလုံးဟာ ရုရှားအစိုးရရဲ့ ကွင်းထဲမှာ ရှိနေတယ်လို့ ပြောပါတယ်။

အမေရိကန်အစိုးရဆီက ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက် အသေးစိတ်ကို စောင့်နေတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013