
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်စွမ်းရှိတယ်လို့ အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
ပီအက်စ်ဗွီကို အနိုင်ယူကျော်ဖြတ်လာတဲ့ အာဆင်နယ်ဟာ ကွာတားဖိုင်နယ်မှာ အက်သလက်တီကို ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူလာတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံမှာပါ။
မက်ဒရစ်နဲ့ပွဲစဉ်က ခက်ခဲမှာဖြစ်ပေမဲ့ အနိုင်ယူ ကျော်နိုင်စွမ်းရှိကြောင်း၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ၂ နှစ်ဆက်တိုက်တက်ရောက်နိုင်ဖို့ မလွယ်ကူကြောင်းနဲ့ ဆီမီးဖိုင်နယ်တက်ရောက်ကာ နောက်ထပ်ခြေလှမ်အသစ်တွေ ဆက်လှမ်းချင်ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ လာမယ့် ဧပြီ ၉ ရက်မှာ အိမ်ကွင်းမှာ စတင်ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ အဖြစ် ဧပြီ ၁၇ ရက်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။