DVB Logo
Home
နိုင်ငံတကာ
ရုရှားနှင့် ရက် ၃၀ အပစ်ရပ်ရန် အသင့်ရှိကြောင်း ယူကရိန်းကြေညာ
DVB
·
March 12, 2025
ရုရှားနှင့် ရက် ၃၀ အပစ်ရပ်ရန် အသင့်ရှိကြောင်း ယူကရိန်းကြေညာ
Donate to DVB

ဆော်ဒီအာရေဗျနိုင်ငံမှာ ယူကရိန်းနဲ့ အမေရိကန်ကိုယ်စားလှယ်တွေ ညှိနှိုင်းခဲ့ကြပြီးနောက် ရုရှားနဲ့ ရက် ၃၀ အပစ်အခတ်ရပ်စဲဖို့ အသင့်ရှိကြောင်း ယူကရိန်းက ကြေညာလိုက်ပါတယ်။

ပူးတွဲကြေညာချက်မှာ အမေရိကန်က ဆိုင်းငံ့ထားခဲ့တဲ့ ယူကရိန်းအတွက်  ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေမှုနဲ့ လုံခြုံရေးအကူအညီပေးအပ်မှုကို ချက်ချင်း ပြန်လည်စတင်သွားမယ်လို့ ပါရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ဒီကမ်းလှမ်းချက်ကို ရုရှားဘက်ကို တင်ပြသွားမှာ ဖြစ်ပြီး ရုရှားဘက်က ရွှေ့ရမယ့်အလှည့်ဖြစ်သွားပြီလို့ မှတ်ချက်ချခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကလည်း အပြုသဘောဆောင်တဲ့ အဆိုပြုချက်ကို သဘောတူရေး ရုရှားကို နားချဖို့က အမေရိကန်နဲ့ ဆိုင်သွားပြီလို့ ပြောကြားခဲ့ပါတယ်။

မတ် ၁၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါမှာ တွေ့ဆုံဆွေးနွေးမှုဟာ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ ထရမ့်ပ်နဲ့ ဇလန်းစကီး အချေအတင် ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

အဆိုပြုချက်ကို ရုရှားဘက်ကလည်း လက်ခံမယ်လို့ မျှော်လင့်ကြောင်း ရူဘီအိုက မတ် ၁၁ ရက် နှောင်းပိုင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မော်စကိုဘက်ကတော့ မတုံ့ပြန်ရသေးပေမဲ့ ဆွေးနွေးပွဲရလဒ်ကို ဝါရှင်တန်က အသိပေးလာတဲ့အခါ ကြေညာချက်ထုတ်ပြန်မယ်လို့ ပြောထားပါတယ်။

အိမ်ဖြူတော်မှာတော့ ထရမ့်ပ်က ပူတင်နဲ့ စကားပြောဖို့ရှိသလို ဇလန်းစကီးကိုလည်း ဝါရှင်တန်ကို ပြန်ဖိတ်ခေါ်ဖို့ တံခါးဖွင့်ထားတယ်လို့ ပြောပါတယ်။

ထရမ့်ပ်နဲ့ ဇလန်းစကီးတို့ဟာ သယံဇာတ သဘောတူညီချက်ကို ဖြစ်နိုင်သမျှ မြန်မြန်အပြီးသတ်ဖို့လည်း သဘောတူထားတယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။

ဆော်ဒီမှာ ဆွေးနွေးခဲ့ရာမှာ အဲဒီကိစ္စက အဓိကအကြောင်းအရာ မဟုတ်ပေမဲ့ အမေရိကန်နဲ့ ယူကရိန်း ဘဏ္ဍာရေးဌာနတွေ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ရူဘီအိုက အတည်ပြုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013