DVB Logo
Home
မြန်မာသတင်း
မအူပင်တွင်  မသန်စွမ်းသူများကိုပါ စစ်မှုထမ်းဆင့်ခေါ်  စစ်သင်တန်းကျောင်းပို့
DVB
·
March 11, 2025
မအူပင်တွင်  မသန်စွမ်းသူများကိုပါ စစ်မှုထမ်းဆင့်ခေါ်  စစ်သင်တန်းကျောင်းပို့
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မသန်စွမ်းလူငယ် အမျိုးသားတွေကိုပါ စစ်မှုထမ်းဖို့ ခေါ်ယူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖျာပုံမြို့နယ် ကြက်ဖမွှေးဇောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာထဲမှာရှိတဲ့ ဒေသခံ မသန်စွမ်း လူငယ် ၃ ယောက်ကို စစ်မှုထမ်းဆင့်ခေါ်ပြီး မတ် ပထမအပတ်မှာ စစ်သင်တန်းကျောင်းကို ပို့ခဲ့တာလို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေနဲ့နီးစပ်သူက “အပတ် စဉ် ၁၁ အတွက် ခေါ်တဲ့အထဲမှာ မသန်စွမ်း ၃ ယောက် ပါသွားတာ။ မသန်စွမ်းမှန်းသိသိလျက်နဲ့ သင်တန်းကျောင်းကို ပို့ခဲ့တာ။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ထွေအုပ်တွေရဲ့ လုပ်ချက်လေ။ မိသားစုတွေက မသန်စွမ်းတွေပါလို့ တင်ပြတာ မရကို မရဘူးလို့” လို့ ပြောပါတယ်။

စစ်သင်တန်းကျောင်းအပို့ခံရတဲ့ မသန်စွမ်း လူငယ် ၃ ယောက်မှာ အသက် ၁၇ အရွယ် တယောက်၊ အသက် ၁၈ အရွယ် တယောက်နဲ့ အသက် ၂၀ ကျော်အရွယ် တယောက်တို့ ဖြစ်ကြပြီး မိသားစုတွေက တိုင်းစစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို စာတင်ပြထားပေမဲ့ မတ် ၁၁ ရက်အထိ အကြောင်းမထူးသေးဘူးလို့ ဆိုပါတယ်။

တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “မသန်စွမ်းတွေကို စစ်မှုထမ်းဖို့ ညွှန်ကြားထားတာ မရှိသေးပါဘူး။ ခေါ်မှာလည်း မဟုတ်ပါဘူး။ မသန်စွမ်းတွေက ကင်းလွတ် ခွင့်ပြုထားတဲ့အထဲမှာ ပါတာမို့ပါ” လို့ ပြောပါတယ်။

ဖျာပုံမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအတွက် မသန်စွမ်းတွေကိုပါ စစ်မှုထမ်းခေါ်ပြီး ထည့်ပေးနေတာနဲ့ ပတ်သက်လို့ အမှန်တကယ် မသန်စွမ်းဖြစ်ကြောင်းနဲ့ တခြား အချက်အလက်တွေကို မိသားစုနဲ့ တတ်သိနားလည်သူတွေက စစ်ကောင်စီတိုင်း စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို တင်ပြထားတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013