
လီဗာပူးအသင်းအနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီကို ကျော်ဖြတ်နိုင်ဖို့ အကောင်းဆုံးခြေစွမ်းရရှိဖို့ လိုအပ်ကြောင်း နည်းပြ အာနဲစလော့က ပြောပါတယ်။
လီဗာပူးအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ စွမ်းဆောင်ရည်အားနည်းခဲ့ပေမဲ့ ဂိုးပေါက်ကန်ချက် ၂ ကြိမ်ကနေ တဂိုးရရှိပြီး အဝေးကွင်းမှာ နိုင်ပွဲရခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ အခုနှစ်ရာသီမှာ ရင်ဆိုင်ခဲ့ရသမျှ အသင်းတွေထဲမှာ အပြီးပြည့်စုံဆုံးအသင်း ဖြစ်ကြောင်း၊ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်ပေမဲ့ ပီအက်စ်ဂျီနဲ့ပွဲကလောက် ခြေစွမ်းကွာဟချက် မရှိခဲ့ကြောင်း နည်းပြစလော့က ပြောပါတယ်။
ပီအက်စ်ဂျီကို ကျော်ဖြတ်နိုင်ဖို့ တရာသီအတွင်း အကောင်းဆုံးခြေစွမ်း ထုတ်ပြနိုင်ဖို့ လိုအပ်မှာဖြစ်ပြီး နည်းပြကောင်းတယောက်လည်း ရှိနေတဲ့ ပီအက်စ်ဂျီနဲ့ပွဲက အလွန်ခက်ခဲဦးမယ်လို့ အာနဲ စလော့က ပြောသွားပါတယ်။