
မန်ယူတိုက်စစ်မှူး ဂျိူရူအာဇက်ဇီးဟာ လုံလောက်တဲ့ စွမ်းဆောင်ရည် မရှိတာကြောင့် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမရှိခဲ့တာဖြစ်ကြောင်း ဟော်လန်နည်းပြ ကိုးမန်းက ရှင်းလင်း ပြောပါတယ်။
ဇက်ဇီးဟာ နောက်ဆုံး ၁၈ ပွဲမှာ ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး ဟော်လန်အသင်းမှာ စတင် ရွေးချယ်ခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။
ပဏာမစာရင်းမှာ ဇက်ဇီး မပါဝင်တာက လုံလောက်တဲ့စွမ်းဆောင်ရည် မရှိတာကြောင့်ဖြစ်ပြီး ဘောလုံး လက်ခံရယူပုံနဲ့ ပေးယူပုံတွေမှာ မကြာခဏ အမှားများနေကြောင်း နည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။
ကြံ့ခိုင်မှုပိုင်းဆိုင်ရာအရ အားရစရာကောင်းပေမဲ့ ဒီအချက်တခုတည်းနဲ့ လက်ရွေးစင်အသင်းမှာ အမြဲတမ်း ပါဝင်ခွင့်ရမှာမဟုတ်ကြောင်း၊ ဗဟိုခံစစ်နဲ့ ကွင်းလယ်မှာ ကစားသမားကောင်းတွေ ရှိနေတာကြောင့် တိုက်စစ်ပိုင်းမှာ ထပ်တိုးရွေးချယ်ဖို့ အကန့်အသတ်ရှိကြောင်းလည်း ဟော်လန်နည်းပြ ရော်နယ်ကိုးမန်းက ပြောသွားပါတယ်။











