
လီဗာပူးတိုက်စစ်မှူး အလက်ဇန္ဒားအီဆတ်ခ်ဟာ လေ့ကျင့်ရေးမှာ ပေါင်ခြံဒဏ်ရာရရှိသွားတာကြောင့် ဒီနေ့ကစားမယ့် မန်ယူနဲ့ပွဲကို လွဲချော်ဖို့ များနေပါတယ်။
မိုဟာမက်ဆာလာနဲ့ အီကီတီကေးတို့ ဒဏ်ရာရနေတဲ့အချိန်မှာ အခုလို အီဆတ်ခ်ပါ ထပ်မံလွဲချော်ရမှာက နည်းပြ စလော့အတွက် တော်တော်လေး အခက်တွေ့စေတာပါ။
ဒီရာသီမှာ အီဆတ်ခ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ၁၃ ပွဲသာ ပွဲထွက်ကစားပေးနိုင်သေးပြီး ၃ ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။
အဆင့် ၃ နေရာအတွက် အရေးပါတဲ့ အခုပွဲမှာ အီဆတ်ခ်သာ မပါဝင်နိုင်ရင် စလော့အနေနဲ့ ဂတ်ပို ဒါမှမဟုတ် ဖလိုရီယန်ဝပ်ဇ်တို့ကို တိုက်စစ်မှာ ပြောင်းလဲအသုံးပြုရဖို့ ရှိနေပါတယ်။
လီဗာပူးဟာ ဆာလာအသင်းက ထွက်ခွာသွားချိန်မှာ အီဆတ်ခ်ကိုအဓိကအားထားဖို့ ရည်ရွယ်ထားတာကြောင့် သူ့ရဲ့ဒဏ်ရာအခြေအနေကို စိုးရိမ်နေကြတာပါ။
မန်ယူကတော့ အိမ်ကွင်း အိုးထရပ်ဖို့ဒ်မှာ လီဗာပူးကို အနိုင်ယူပြီး ဒီရာသီမှာ ၂ ကျော့လုံးအနိုင်ရတဲ့မှတ်တမ်း ရယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။










