DVB Logo
Home
အားကစား
၂၀၂၄ တွင် ချဲလ်ဆီးအသင်း ကစားသမားအပြောင်းအရွှေ့အတွက် သုံးစွဲငွေ အမြင့်ဆုံးဖြစ် 
DVB
·
March 9, 2025
၂၀၂၄ တွင် ချဲလ်ဆီးအသင်း ကစားသမားအပြောင်းအရွှေ့အတွက် သုံးစွဲငွေ အမြင့်ဆုံးဖြစ် 
Donate to DVB

၂၀၂၄ ဘဏ္ဍာနှစ်အကုန်မှာ ချဲလ်ဆီးရဲ့  အပြောင်းအရွှေ့စာရင်းတွေအရ အသင်းရဲ့ ကစားသမား စာရင်းဟာ ဥရောပအသင်းတွေရဲ့ သမိုင်းမှာ  တန်ဖိုးအကြီးဆုံး ဖြစ်တယ်လို့ UEFA က ထုတ်ပြန်ပါတယ်။

ဥရောပကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှု အခြေအနေပြ အစီရင်ခံစာမှာ ချဲလ်ဆီး အသင်းဟာ ယူရို ၁ ဒသမ ၆၅၆ ဘီလီယံ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၁ ဒသမ ၇၉ ဘီလီယံအထိ အပြောင်းအရွှေ့အတွက် သုံးစွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအသုံးစရိတ်ဟာ ၂၀၂၃ ခုနှစ်တုန်းက  မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားတန်ဖိုး ယူရို ၁ ဒသမ ၄၂ ဘီလီယံနဲ့ ၂၀၂၀ တုန်းက ရီးရဲမက်ဒရစ်ရဲ့ ကစားသမား ခေါ်ယူဖို့ သုံးစွဲငွေ ယူရို ၁ ဒသမ ၃၃ ဘီလီယံ တန်ဖိုးတွေထက်ကို ပိုများခဲ့တာပါ။ 

ချဲလ်ဆီးအသင်းဟာ Todd Boehly and Clearlake Capital အသင်းကို ၂၀၂၂ ခုနှစ်က ဝယ်ယူခဲ့ပြီးနောက် ကစားသမား ၄၂ ယောက်အထိကို ခေါ်ယူခဲ့ပြီး ငွေကြေး အမြောက်အမြား အသုံးပြုခဲ့ပေမဲ့ ကွင်းထဲမှာတော့ အောင်မြင်မှု ကြီးကြီးမားမား မရသေးပါဘူး။

အသင်းဟာ ပြီးခဲ့တဲ့နှစ်မှာ ပရီးမီးယားလိဂ်အမှတ်ပေး ဇယား အဆင့် ၆ နေရာအထိသာ ရရှိခဲ့ပြီး ဒီနှစ်မှာတော့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ 

ဥရောပဘောလုံးကလပ် ထိပ်တန်းအသင်းကြီးတွေကို လေ့လာသုံးသပ်ထားတဲ့ အစီအရင်ခံစာအရ ၂၀၂၃ ခုနှစ်ရဲ့ ဝင်ငွေ အများဆုံး အသင်းတွေထဲမှာ ရီးရဲလ်က ယူရို ၁ ဒသမ ၀၇၃ ဘီလီယံထိ ရှိခဲ့ပြီး၊ မန်စီးတီးက ယူရို ၈၅၄ သန်း၊ ပဲရစ်စိန့်ဂျာမိန်းအသင်းက ယူရို ၈၀၈ သန်း၊ မန်ချက်စတာ ယူနိုက်တက်က ယူရို ၇၇၁ သန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းက ယူရို ၇၆၅ သန်း အထိ ဝင်ငွေ ရရှိခဲ့ကြပါတယ်။ 

ဝင်ငွေအများဆုံး ကလပ်အသင်း ၂၀ စာရင်းထဲမှာ ပရီးမီးယားလိဂ်က အသင်း ၉ သင်းအထိ ပါဝင်နေပြီး အသင်း ၂၀ ရဲ့ စုစုပေါင်း ဝင်ငွေ ၇ ဒသမ ၁၅ ဘီလီယံအထိ ရှိခဲ့ရာမှာ တသင်းကို ပျမ်းမျှဝင်ငွေ ယူရို ၃၅၇ သန်း အထိ ရှိခဲ့ပါတယ်။

စပိန်လာလီဂါအသင်းတွေကတော့ ဒုတိယ ဝင်ငွေ အများဆုံးဖြစ်ခဲ့ပြီး ၃ ဒသမ ၇ ဘီလီယံအထိရှိခဲ့ကာ ဂျာမန် ဘွန်ဒက်လီဂါအသင်းတွေက ၃ ဒသမ ၆ ဘီလီယံအထိ ရှိခဲ့ပါတယ်။ အီတလီစီးရီးအေအသင်းတွေက  ယူရို ၂ ဒသမ ၉ သန်း နဲ့ ပြင်သစ်လီဂူးဝမ်းက ၂ ဒသမ ၄ ဘီလီယံ အထိ ဝင်ငွေ ရရှိခဲ့ကြပါတယ်။

ဝင်ငွေအရဆုံး ကလပ်အသင်း ၂၀ စာရင်းဟာ ဆယ်စုနှစ်အတွင်းမှာ အပြောင်းအလဲ သိပ်မရှိခဲ့ဘဲ လက်ရှိ အသင်းတွေဟာ ၂၀၁၄ ခုနှစ်မှာလည်း ဝင်ငွေအရဆုံး ၂၅ သင်းစာရင်းမှာ ပါဝင်ခဲ့ကြတဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။ 

အင်္ဂလန်ကလပ်အသင်းတွေရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်မှာ ဝင်ငွေ ၁၇ ဒသမ ၁ ဘီလီယံကျော်အထိ ရှိခဲ့ရာမှာ ကလင်းအသင်းကြီးတွေရဲ့ ဝင်ငွေဟာ ၃၅၇ သန်းစီ ရှိခဲ့ပြီး ကလပ်အသင်းလေးတွေရဲ့ ဝင်ငွေဟာ ၂၄၅ သန်းသာ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013