DVB Logo
Home
မြန်မာသတင်း
အရေးယူပိတ်ဆို့ခြင်းက အခွင့်အလမ်းဖြစ် ဟု စစ်ခေါင်းဆောင်ပြော
DVB
·
March 8, 2025
အရေးယူပိတ်ဆို့ခြင်းက အခွင့်အလမ်းဖြစ် ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေဟာ အခွင့်အလမ်းဖြစ်တယ်လို့ ဘယ်လာရုစ်နိုင်ငံကိုရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က မတ် ၇ ရက်နေ့မှာ ပြောဆိုလိုက်တာကို ဘယ်လာရုစ်နိုင်ငံ သတင်းတွေမှာ ဖော်ပြလာပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

သူဟာ ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်ကိုတက်ရောက်နေပြီး ဘယ်လာရုစ်သမ္မတက ‘အရေးယူပိတ်ဆို့မှုတွေဟာ အခွင့်အလမ်းဖြစ်ကြောင်းနဲ့ အဲဒီအခွင့်အလမ်းတွေကို အသုံးချပြီး မြန်မာနဲ့ ဘယ်လာရုစ်အကြား ဆက်ဆံရေးကို နက်ရှိုင်းစွာတည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း’ ဆိုပါတယ်။

ဒါကို စစ်ခေါင်းဆောင်ကလည်း ‘အရေးယူပိတ်ဆို့မှုတွေဟာ အခွင့်အလမ်းဖြစ်တယ်ဆိုတာ မှန်ကြောင်းနဲ့ နိုင်ငံတွေက စည်းလုံးညီညွတ်စွာရပ်တည်ပြီး အရေးယူဒဏ်ခတ်တဲ့ နိုင်ငံတွေကို အားကောင်းတဲ့တုံ့ပြန်မှုတွေ ပြုလုပ်နိုင်ကြောင်း’ တုံ့ပြန်ပြောဆိုတယ်လို့ ဘယ်လာရုစ်သတင်းတွေမှာဖော်ပြထားပါတယ်။

ဒါ့အပြင် အရေးယူပိတ်ဆို့မှုတွေကို ဖိအားပေးမှုအဖြစ်အသုံးပြုရင်  ပဋိပက္ခတွေကိုပဲ ဦးတည်စေမှာဖြစ်တယ်လို့လည်း ဘယ်လာရုစ်သမ္မတပြောစကားကို ထောက်ခံပြီး ပြန်ပြောခဲ့ပါတယ်။

မတ် ၇ ရက်နေ့မှာပဲ မြန်မာစစ်ကောင်စီအဖွဲ့ဝင် ၁၃ ယောက်နဲ့ အဖွဲ့အစည်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကနေဒါအစိုးရက ထပ်ပြီးကြေညာလိုက်ပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ အခုအချိန်ထိ ကနေဒါအစိုးရက Special Economic Measures (Burma) Regulation အောက်မှာ  အရေးယူဒဏ်ခတ်မှု ၁၀ ကြိမ်ချမှတ်ခဲ့ပြီး လူပုဂ္ဂိုလ် ၁၀၅ ယောက်နဲ့ အဖွဲ့အစည်း ၄၈ ခုကို ဒဏ်ခတ်ထားပြီးဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအပေါ် နိုင်ငံတကာက အရေးယူပိတ်ဆို့မှုပေါင်း ၆၁ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံက ပိတ်ဆို့ ဒဏ်ခတ်မှု ၂၁ ကြိမ်နဲ့ အများဆုံးပြုလုပ်ခဲ့တယ်လို့ DVB က စိစစ်ကောက်ယူထားတဲ့ ဒေတာတွေအရ သိရပါတယ်။

စစ်ကောင်စီပြိုလဲဖို့ ထိရောက်တဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပိုလိုအပ်တယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013