
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ဟာ ခရစ္စတယ်ပဲလေ့တိုက်စစ်မှူး မက်တေးတားကို ကရာတေးကစ်နဲ့ ခုန်ကန်ခဲ့တဲ့ မီဝေါ်လ်ဂိုးသမား လီယန်ရောဘတ်စ်ကို ၆ ပွဲပယ် ပြစ်ဒဏ်တိုးမြှင့် ချမှတ်ခဲ့ပါတယ်။
မတ် ၁ ရက်က ကစားခဲ့တဲ့ FA ဖလားပွဲစဉ် ပွဲချိန် ၈ မိနစ်မှာ မီဝေါလ်ဂိုးသမား ရောဘတ်စ်က ခရစ္စတယ်ပဲ လေ့တိုက်စစ်မှူး မက်တေးတားနဲ့ ဘောလုံးယှဉ်လုရာမှာ ခြေထောက်နဲ့ ခုန်ဝင်ခဲ့ပြီး မက်တေးတားရဲ့ ဦးခေါင်းကို ကန်မိခဲ့တာပါ။
အဆိုပါဖြစ်ရပ်ကြောင့် တိုက်စစ်မှူး မက်တေးတားရဲ့ နာရွက်မှာ ဒဏ်ရာကြီးမားစွာရရှိသွားခဲ့ပြီး ၂၅ ချက်အထိ ချုပ်ခဲ့ရတာပါ။
အဲဒီဖြစ်ရပ်အတွက် ဂိုးသမား ရောဘတ်စ်အနေနဲ့ ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပေမဲ့ ဖျက်ထုတ်မှု ကြမ်းတမ်းခဲ့တာကြောင့် နောက်ထပ် ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ပြီး စုစုပေါင်း ၆ ပွဲ ပယ် ပြစ်ဒဏ်ချမှတ်ဖို့ FA က ဆုံးဖြတ်ခဲ့တာပါ။
ဂိုးသမား ရောဘတ်စ်ကတော့ အသင်းဝက်ဘ်ဆိုက်ကနေ တရားဝင်တောင်းပန်ခဲ့ပြီး အများပြောနေကြသလို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာမဟုတ်ဘဲ မတော်တဆဖြစ်ခဲ့တာလို့ ပြောသွားပါတယ်။
Photo-Reuters










