DVB Logo
Home
အားကစား
၂၀၂၄ ခုနှစ်က ချဲလ်ဆီးအသင်းလူစာရင်း သမိုင်းတလျှောက် တန်ဖိုးအမြင့်ဆုံးအဖြစ် စံချိန်တင်
DVB
·
March 7, 2025
၂၀၂၄ ခုနှစ်က ချဲလ်ဆီးအသင်းလူစာရင်း သမိုင်းတလျှောက် တန်ဖိုးအမြင့်ဆုံးအဖြစ် စံချိန်တင်
Donate to DVB

၂၀၂၄ ခုနှစ်က ချဲလ်ဆီးအသင်း လူစာရင်းဟာ ဘောလုံးသမိုင်းတလျှောက် တန်ဖိုးအမြင့်ဆုံး လူစာရင်းအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်က ချဲလ်ဆီးအသင်း လူစာရင်းတန်ဖိုးက ပေါင် ၁ ဒသမ ၃၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က စံချိန်တင်ထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပေါင် ၁ ဒသမ ၁၂ ဘီလီယံ လူစာရင်းကို ကျော်ဖြတ်ခဲ့တာပါ။

ဒါ့အပြင် လုပ်ခအများဆုံး ပေးချေနေရတဲ့ ထိပ်ဆုံးအသင်း ၂၀ မှာ ပရီးမီးယားလိဂ်က အသင်း ၉ သင်းအထိ ပါဝင်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းရဲ့ လုပ်ခပေးချေမှု စုစုပေါင်းတန်ဖိုးက ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတွေထက် ပိုပြီး များပြားခဲ့တယ်လို့ သိရပါတယ်။

ကစားသမားတွေအတွက် လုပ်ခပမာဏဟာလည်း ၂၀၂၃ ခုနှစ်ကထက် ၄ ဒသမ ၅ ရာခိုင်နှုန်း ပိုများလာခဲ့ပြီး အက်စ်တန်ဗီလာက မနှစ်ကထက် ၉၁ ရာခိုင်နှုန်းအထိ လုပ်ခပေးချေမှု ပိုများခဲ့ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013