ခက်ခဲသည့်အချိန် အသင်းသားများ စည်းလုံးကြရန် ချဲလ်ဆီး နည်းပြအလွန်ဆို တောင်းဆို

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော့တင်ဟမ်ဖောရက်စ်အသင်းကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့် ခဲ့ပါတယ်။
ဒီပွဲရှုံးနိမ့်မှုဟာ ချဲလ်ဆီးအတွက် ၃ ပွဲဆက်တိုက် ရှုံးနိမ့်မှု ဖြစ်ပါတယ်။ ရလဒ်တွေ ဆိုးရွားနေတဲ့ ဖောရက်စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးအတွက် ဖိအားတွေ ပိုမိုကြီးမား လာခဲ့ပါတယ်။
ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ ဇာဘီအလွန်ဆိုကတော့ အခုလို ခက်ခဲတဲ့ကာလမှာ အသင်းသားတွေ စည်းစည်းလုံးလုံး ရှိကြဖို တိုက်တွန်းခဲ့ပါတယ်။
အသင်း ရလဒ်ကောင်းတွေ ပြန်လည်ရရှိဖို့အတွက် အားလုံး စုစည်းမှုရှိရှိနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ကြောင်း နည်းပြအလွန်ဆိုက ပြောပါတယ်။
Photo:Reuters











