
ရိန်းဂျားအသင်းအနေနဲ့ ပွဲမပြီးဆုံးသေးတာကြောင့် အောင်ပွဲခံမှု အများကြီးမလုပ်ကြဖို့ ဖီနာဘာချီ နည်းပြ မော်ရင်ညိုက သတိပေးသွားပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ မော်ရင်ညိုရဲ့ ဖီနာဘာချီအသင်းက အိမ်ကွင်းမှာပဲ စကော့တလန်ကလပ် ရိန်းဂျားအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။
ဒုတိယအကျော့ ကျန်သေးတာကြောင့် ရိန်းဂျားအသင်းအနေနဲ့ အောင်ပွဲခံမှုတွေ အများကြီး မလုပ်သင့်ကြောင်း၊ ဒုတိယအကျော့ပွဲစဉ်အပြီးမှာ အောင်ပွဲခံနိုင်ခဲ့ရင်တော့ ဂုဏ်ပြုသွားမှာ ဖြစ်ကြောင်း မော်ရင်ညိုက ပြောပါတယ်။
ဒါ့အပြင် ရိန်းဂျားအသင်းဟာ ခံစစ်ကစားပုံ အလွန်တောင့်တင်းခဲ့ပြီး အကြိမ် ၂၀ လောက် ဒဏ်ရာရရှိကာ အချိန်ဆွဲခဲ့ကြောင်းလည်း မော်ရင်ညိုက ဝေဖန်ပါတယ်။
ဂိုးသမား ဂျက်ဘတ်လန်း ဟာလည်း ဂိုးလွန်ဘောကန်တင်တိုင်း စက္ကန့် ၃၀ အချိန်ဆွဲခဲ့ကြောင်း မော်ရင်ညိုက ပွဲအပြီးမှာ ဝေဖန်သွားပါတယ်။