DVB Logo
Home
အားကစား
ရမှတ် ၅၀,၀၀၀ ပြည့် NBA ပထမဆုံးကစားသမားအဖြစ် လီဘရွန်းဂျိမ်း စံချိန်တင်
DVB
·
March 6, 2025
ရမှတ် ၅၀,၀၀၀ ပြည့် NBA ပထမဆုံးကစားသမားအဖြစ် လီဘရွန်းဂျိမ်း စံချိန်တင်
Donate to DVB

ဘတ်စကက်ဘောဘုရင် King James လို့ ချစ်စနိုးခေါ်ကြတဲ့ အမေရိကန် ဘတ်စကက်ဘော အားကစားသမား လီဘရွန်ဂျိမ်းဟာ စံချိန်တင်ရမှတ် ၅၀,၀၀၀ ပြည့်တဲ့ ပထမဆုံး NBA ကစားသမား ဖြစ်လာပါတယ်။

လီဘရွန်ဂျိမ်းဟာ ပီလီကန်နဲ့ ကစားခဲ့တဲ့ အင်္ဂါနေ့ အိမ်ကွင်းပွဲစဉ်မှာ ၃ မှတ် ရရှိခဲ့တာကြောင့် ရမှတ် ၅၀,၀၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၀ အရွယ်ရှိ လီဘရွန်ဂျိမ်းဟာ အဘဒူဂျပ်ဘာရဲ့ အချိန်တိုင်းအတွက် အမှတ်အများဆုံး စံချိန်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ၁ နှစ် အကြာမှာပဲ ရမှတ် ၅၀,၀၀၀ ပြည့်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အချိန်တိုင်းအတွက် Playoff အမှတ်ရ စံချိန်ကိုလည်း ၂၀၁၇ မေလကတည်းက  မိုက်ကယ်ဂျော်ဒန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့သူဖြစ်ပါတယ်။

လိဂ်ပြိုင်ပွဲမှာ ၂၂ ရာသီကြာ ကစားခဲ့တဲ့ လီဘရွန်ဂျိမ်းဟာ လက်ရှိအချိန်အထိ သူ့ရဲ့ စွမ်းဆောင်ရည်တွေက ကျဆင်းသွားတာမျိုး မရှိသေးပါဘူး။

လီဘရွန်ဂျိမ်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ လအလိုက် အကောင်းဆုံးကစားသမားဆုရတာက သူ့ရဲ့ ကစားသမားဘဝတလျှောက် ၄၁ ကြိမ်မြောက် ရခဲ့တာဖြစ်ကာ NBA လိဂ်မှာ လအလိုက် ဆုရမှုစံချိန်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လီဘရွန်ဂျိမ်းဟာ ဒီဆုကိုရတဲ့ အသက်အကြီးဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ လီဘရွန်ဂျိမ်းဟာ NBA ပြိုင်ပွဲမှာ ၄ ကြိမ် ချန်ပီယံဖြစ်ထားပြီး အမေရိကန်အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲမှာလည်း ၃ ကြိမ် ဗိုလ်စွဲထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013