DVB Logo
Home
နိုင်ငံတကာ
အမေရိကန် အခွန်စည်းကြပ်မှုကြောင့် မက္ကဆီကိုက ကုန်သွယ်မိတ်ဖက်အသစ် ရှာမည်
DVB
·
March 6, 2025
အမေရိကန် အခွန်စည်းကြပ်မှုကြောင့် မက္ကဆီကိုက ကုန်သွယ်မိတ်ဖက်အသစ် ရှာမည်
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ တောင်ပိုင်း အိမ်နီးချင်းနိုင်ငံအပေါ် အခွန်စည်းကြပ်လိုက်ပြီးနောက်မှာ မက္ကဆီကိုအစိုးရဟာ တခြားကုန်သွယ်မှုမိတ်ဖက်နိုင်ငံတွေကို ရှာဖွေနိုင်ဖွယ်ရှိကြောင်း မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က မတ် ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်ကုန်ပစ္စည်းတွေအပေါ် စည်းကြပ်ခွန်အသစ်တွေ ကောက်ခံခြင်းနဲ့အတူ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မှုအသစ်ဟာ မတ် ၄ ရက်မှာ စတင်အသက်ဝင်ခဲ့ပြီး ထောက်ပံ့ရေးကွင်းဆက်တွေနဲ့ ကာလရှည်ကြာ ကုန်သွယ်ရေး မိတ်ဖက်တွေကို ပြင်းပြင်းထန်ထန် အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

မက္ကဆီကို ပီဆိုငွေဟာ ဗုဒ္ဓဟူးနေ့မှာ ၀ ဒသမ ၈၄ ရာခိုင်နှုန်းနဲ့ အနည်းငယ် အားကောင်းလာပြီး အမေရိကန် တဒေါ်လာကို ၂၀ ဒသမ ၄၁ ပီဆို ဖြစ်ပါတယ်။

ထရမ့်ပ်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုး တို့ဟာ ဗုဒ္ဓဟူးနေ့မှာ စကားပြောဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တခုက ရိုက်တာကို ပြောပါတယ်။

ရှိန်းဘောင်းမ်ဟာ အခွန်စည်းကြပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်ခေါင်းဆောင်ကို ကြာသပတေးနေ့မှာ သူကိုယ်တိုင် ဖုန်းခေါ်ဆိုဖို့ စီစဉ်ထားကြောင်း သူ့ရဲ့ နေ့စဉ် မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အကောက်ခွန်တွေ ဆက်ရှိနေနိုင်ဦးမှာကို ရည်ညွှန်းပြီး သမ္မတ ရှိန်းဘောင်းမ်က လိုအပ်လာရင် အချုပ်အခြာ အာဏာနဲ့ ဂုဏ်သိက္ခာဘောင်အတွင်းကနေ မက္ကဆီကိုနိုင်ငံနဲ့ မက္ကဆီကိုပြည်သူတွေကို ကာကွယ်ဖို့ ဘာမဆို လုပ်ဆောင်မှာဖြစ်ပြီး ကုန်သွယ်ရေး မဟာမိတ်တွေကိုလည်း ပြောင်းလဲနိုင်ကြောင်း ပြောကြားပါတယ်။

“ဒါဟာ မက္ကဆီကိုအတွက် အလွန်တိကျတဲ့ အခိုက်အတန့်ဖြစ်ပြီး အကောက်ခွန် ၂၅ ရာခိုင်နှုန်းက ဆက်ရှိနေမယ်ဆိုရင် ကျမတို့လည်း ဆုံးဖြတ်ချက်တွေ ချရတော့မယ်” လို့လည်း ဆိုပါတယ်။

မက္ကဆီကိုနိုင်ငံတော်အတွက် ဂုဏ်ယူကြောင်း ပန်ကြားချက်အနေနဲ့ သမ္မတ ရှိန်းဘောင်းမ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ မက္ကဆီကိုစီးတီးရဲ့ သမိုင်းဝင် ဇိုကာလိုရင်ပြင်မှာ လူထုစုဝေးပွဲတခု ပြုလုပ်ဖို့ တောင်းဆိုခဲ့ပြီး အဲဒီမှာ လက်တုံ့ပြန် စည်းကြပ်ခွန်တွေ အပါအဝင် အမေရိကန်အပေါ် သူ့ရဲ့တုံ့ပြန်မှုကို အကြမ်းဖျင်း ဖော်ပြသွားမယ်လို့ ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013