DVB Logo
Home
မြန်မာသတင်း
ပဲခူးနှင့် ရန်ကုန်တွင် ငွေကျပ်သန်းပေါင်း ၂၅၀၀၀ ကျော်တန်ဖိုး မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 6, 2025
ပဲခူးနှင့် ရန်ကုန်တွင် ငွေကျပ်သန်းပေါင်း ၂၅၀၀၀ ကျော်တန်ဖိုး မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နဲ့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တို့မှာ ငွေကျပ်သန်းပေါင်း ၂၅၀၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးထိန်းချုပ်ရေးအဖွဲ့ (CCDAC) က မတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တာမွေမြို့မရဲစခန်းက မူးယစ်တရားခံပြေး ဇော်မြတ်ထွန်းဟာ ရှမ်းပြည်နယ်ကနေ ရန်ကုန်ကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်သွားတယ်လို့သတင်းရတာကြောင့် ပူးပေါင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးနေတုန်း ဖေဖော်ဝါရီ ၁၆ ရက် မနက် ၁ နာရီမှာ ပဲခူးမြို့နယ်၊ ဘောနတ်ကြီးရွာအနီး၊ ရန်ကုန် - မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ် ၃၉ မှာ သတင်းရရှိထားတဲ့ ALPHARD ကားနဲ့အတူ နေမျိုးထက်ကို ဖမ်းမိပြီး သူ့ရဲ့ ဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီမှာ အမြန်လမ်း မိုင်တိုင်အမှတ် ၃၉/၄ နားက ကားရပ်ဝင်းမှာ ရပ်ထားတဲ့ ALPHARD ကားပေါ်က အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၄၄၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဝမ်ဟိုင်းကနေ ရန်ကုန်မြို့ကို အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၇၀၀ ငွေကျပ်သိန်း ၁၀၅၀ နဲ့ တာဝန်ခံသယ်ဆောင်ခဲ့သူ ဇော်မြတ်ထွန်း၊ ကျော်သူရစိုး၊ ကျော်သူဝင်းနဲ့ စိုင်းအောင်သူရတင် တို့ကို မင်္ဂလာဒုံမြို့နယ်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC က ထုတ်ပြန်ပါတယ်။

သူတို့ရဲ့ဖော်ထုတ်ချက်အရ ရန်ကုန်ကနေ မြဝတီကို ပို့ဖို့ အိုက်စ် ကီလို ၂၆၀ နဲ့ ဘိန်းဖြူ ဘလောက်တုံး ၁၆၈ ကီလိုတို့ကို လက်ခံထားရှိသူ အောင်ဇော်ဝင်းကို မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ကုန်စည်ကားဝင်းမှာ၊ မိတ္ထီလာကနေ အမြန်လမ်း ၃၉ မိုင်ကို မူးယစ်ဆေးဝါး သယ်ဆောင်ခဲ့သူ သူရိန်ထွန်း(ခ)သူရထွန်းကို ကမာရွတ်မြို့နယ်က ဟိုတယ်မှာ၊ သယ်ဆောင်ရာမှာ ပါဝင်သူတွေဖြစ်တဲ့ ထက်နိုင်(ခ)ကိုကိုဝင်းသူ ကို ရပ်စောက်မြို့မှာ၊ ရဲမြင့်သိန်း ကို အောင်ပန်းမြို့မှာ၊ အမြန်လမ်း ၃၉ မိုင်ကနေ ရန်ကုန် အမှတ် ၇ လမ်းမကြီးဆီ သယ်ဆောင်ပေးတဲ့ ကိုကိုဝင်းကို ရေတာရှည်မြို့နယ်မှာ၊ ရန်ကုန်ကနေ မြဝတီကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်သူ ရင်ပိုက်ဦး(ခ)ရန်ပိုင်(ခ)လွှမ်းပိုင် ကို ပုသိမ်မြို့မှာ အသီးသီးဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေ သယ်ဆောင်ခဲ့တဲ့ Grand Tiger Double Cab ကားကို မိတ္ထီလာမြို့နယ်၊ အိုင့်ကျေးရွာမှာ သိမ်းဆည်းမိသလို TOYOTA HILUX SURF  ကို ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာ သိမ်းဆည်မိခဲ့ပြီး ဖမ်းဆီးရမိခဲ့တဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၇၀၀ နဲ့ ဘိန်းဖြူဘလောက်တုံး ၄၀၀ အလေးချိန် ၁၆၈ ကီလိုရဲ့ စုစုပေါင်းဒေသကာလတန်ဖိုးဟာ ငွေကျပ်သိန်းပေါင်း ၂၅၀၀၀ ကျော်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013