DVB Logo
Home
နိုင်ငံတကာ
ကျန်းမာရေးကုန်ကျစရိတ်များ စျေးနှုန်းပွင့်လင်းမြင်သာရန် ထရမ့်ပ် အမိန့်ထုတ်
DVB
·
February 26, 2025
ကျန်းမာရေးကုန်ကျစရိတ်များ စျေးနှုန်းပွင့်လင်းမြင်သာရန် ထရမ့်ပ် အမိန့်ထုတ်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကျန်းမာရေးကုန်ကျမှုတွေနဲ့ ပတ်သက်ပြီး စျေးနှုန်းပွင့်လင်း မြင်သာမှုရှိဖို့ ရည်ရွယ်တဲ့ အမိန့်တခုကို ဖေဖော်ဝါရီ ၂၅ ရက်က လက်မှတ်ထိုးခဲ့ပါတယ်။

အိမ်ဖြူတော်ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ အမိန့်အရ သမိုင်းကြောင်းတလျှောက် ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်က လျှို့ဝှက်တယ်လို့ ပါရှိပါတယ်။

အဲလိုလုပ်ခြင်းအားဖြင့် ဆေးရုံတွေ၊ အာမခံကုမ္ပဏီတွေ အကျိုးရှိပြီး လူနာ၊ အလုပ်သမား၊ အခွန်ထမ်းတွေအတွက် ငွေယိုပေါက်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။

“ဘိုင်ဒင် အစိုးရက ကျနော့်အစိုးရအဖွဲ့ ချမှတ်ထားတဲ့ လူထုကို မှန်ကန်တဲ့ ဆေးစျေးနှုန်းတွေ ဖော်ပြရမယ်ဆိုတဲ့ ဆောင်ရွက်ချက်ကို မလုပ်ခဲ့ပါဘူး” လို့ အမိန့်မှာ ပါဝင်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဝန်ကြီးတို့ရဲ့ ဆောင်ရွက်မှုတွေထဲမှာ ပွင့်လင်းမြင်သာမှု စည်းမျည်းလုပ်ဖို့နဲ့ အကောင်အထည်ဖော်ဖို့ ပြုလုပ်ရမှာပါ။

အဲဒီအထဲမှာ စျေးမှန်ကို ဖော်ပြဖို့၊ စံစျေးနှုန်း သတ်မှတ်ချက် သတင်းပေးမှုနဲ့ ဥပဒေအတိုင်း ဆောင်ရွက်မှုတွေကို အသစ်ပြန်လုပ်ဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အင်္ဂါနေ့ ညနေပိုင်းက ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ ထရမ့်ပ်ရဲ့ ၂၀၂၅ ဦးစားပေးလုပ်ငန်းဖြစ်တဲ့ အခွန်လျှော့ချမှုနဲ့ နယ်စပ်လုံခြုံရေးကိစ္စ ပြဋ္ဌာန်းဖို့ မဲပေးခဲ့ကြပါတယ် ဒီမဲပေးမှုမှာ ထောက်ခံမဲ ၂၁၇ ရပြီး ကန့်ကွက်မဲ ၂၁၅ ရခဲ့တာကြောင့် အနိုင်ရခဲ့ပါတယ်။​

ဒေါ်လာ ၄ ဒသမ ၅ ထရီလီယံ အခွန်လျှော့မှုနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဖို့ ရီးပတ်ဘလစ်ကန်ရဲ့ အဆိုက ကျဉ်းမြောင်းစွာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းအတွက် မဲပေးမှုမှာ သောမတ်မက်ဆီ တယောက်တည်းသာ ရီပတ်ဘလစ်ကန်အတွက် ဆန့်ကျင်မဲပေးခဲ့တာ တွေ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013