DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေး မျက်နှာချင်းဆိုင် ဆွေးနွေးဖြေရှင်းကြရန် RCSS တိုက်တွန်း 
DVB
·
February 25, 2025
ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေး မျက်နှာချင်းဆိုင် ဆွေးနွေးဖြေရှင်းကြရန် RCSS တိုက်တွန်း 
Donate to DVB

မြန်မာပြည်ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖြေရှင်းဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က တိုက်တွန်းလိုက်ပါတယ်။ 

ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်တွေအတွင်း ဌာနချုပ် လွိုင်တိုင်းလျန်းမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည် အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းဖော်ပြထားတာပါ။ 

ဒါ့အပြင်  RCSS အနေနဲ့လည်း ရှမ်းပြည်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ 

မြန်မာစစ်တပ် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်တာကာလအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူလူထုအတိဒုက္ခရောက်ရတယ်၊ သဘာဝဘေးဒဏ်ကြောင့် ပြည်သူတွေ အခက်အခဲနဲ့ ကြုံခဲ့ရတယ်၊ အဲဒါတွေအတွက် RCSS အနေနဲ့ တတ်နိုင်သလောက်ကူညီပံ့ပိုးပေးခဲ့တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြသွားပါတယ်။

RCSS ဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် ( NCA )ကို လက်မှတ်ရေးထိုးထားပြီး ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တပြည်လုံးအုံကြွတဲ့ နွေဦးတော်လှန်ရေးမှာလည်း ပါဝင်ခဲ့ခြင်းမရှိသလို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ နေပြည်တော် ဆွေးနွေးပွဲတွေလည်း တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013