DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် PDF တပ်ဖွဲ့ဝင်၏ မင်္ဂလာဆောင်ကို စစ်တပ်က ဗုံးကြဲ
DVB
·
February 25, 2025
မြိုင်မြို့နယ်တွင် PDF တပ်ဖွဲ့ဝင်၏ မင်္ဂလာဆောင်ကို စစ်တပ်က ဗုံးကြဲ
1 / 3
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာဆောင် ကျင်းပတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “မြိုင်အနောက်တောင်ပိုင်းက ကျောက်ခွက်ရေနံမြေနားက ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာဆောင်ကို ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံး အကြဲခံလိုက်ရတာပါ။ ထိခိုက်ပျက်စီးတဲ့ အနေအထား များတယ်။ အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဆိုပါမင်္ဂလာဆောင်ကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲပြီးနောက်ပိုင်းမှာလည်း လေယာဥ်တွေ ဝဲပျံနေသေးတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းအန္တရယ်ကို အထူးသတိထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် သတိပေးထုတ်ပြန်ထားတယ်လို့  မြိုင်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက DVB ကို ပြောပါတယ်။

“မြေပြင်အခြေအနေကို တိတိကျကျ ဘာမှမသိရသေးဘူး။ ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးကုန်တယ်။ အသေအပျောက်နဲ့ ထိခိုက်သေဆုံးတာတွေ များတယ်လို့တော့ သိရတယ်ဗျ။ အခု ဖြစ်သွားတဲ့ကိစ္စကတော့ ဒလန်သတင်းပေးကြောင့်လို့ပဲ ယူဆတယ်။ အခုလိုကာလမှာ လေကြောင်းအန္တရာယ် သတိပေးချက်တွေကို သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်နေသလို တပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကလည်း လိုက်နာရမှာဖြစ်တယ်။ ကိုယ်ကိုယ်တိုင် မလိုက်နာနိုင်ရင်တော့ အလကားပဲပေါ့။ အခုဖြစ်စဥ်က နမူနာပဲဖြစ်တယ်။ ရှေ့မှာလည်း အဲဒီလိုဖြစ်စဥ်တွေ ရှိခဲ့ကြသေးတယ်။ ဆင်ခြင်သင့်တာပေါ့။” 

အဆိုပါမင်္ဂလာဆောင် လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံး ပျက်စီးတဲ့ အခြေအနေကို DVB အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။

Photo : မြိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013