DVB Logo
Home
မြန်မာသတင်း
ရေပြာရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် PDF တပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးလွတ်‌ေမြာက်
DVB
·
November 27, 2024
ရေပြာရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် PDF တပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးလွတ်‌ေမြာက်
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်း အချုပ်ခန်းမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက်ဟာ နိုဝင်ဘာ ၂၅ ရက်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၆ (Pakkokku Generation Z) ရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။

“ကျနော်တို့ ပခုက္ကူခရိုင် အမှတ် ၁၆ တပ်ရင်းက ရဲဘော် ၃ ဦးရယ်၊ LPDF တခုက အမျိုးသမီးတပ်ဖွဲ့ဝင် ရဲမေတဦးနဲ့ နောက်ထပ်ရဲဘော်တဦးတို့က အဲဒီနေ့ မနက်စော ၂ နာရီလောက်မှာ အချုပ်ဆောင်ကိုဖောက်ပြီး လွတ်မြောက်လာတာပါ။”

ပခုက္ကူခရိုင် အမှတ် ၁၆ PDF တပ်ရင်းက ရဲဘော် ၃ ယောက်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က တပ်ဖွဲ့အလုပ်ကိစ္စနဲ့ ခရီးသွားကြရင်း ရေပြာရဲစခန်း စစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကျန်တဲ့ PDF ရဲဘော် ၂ ယောက်ကတော့ မေလထဲမှာ အဖမ်းခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အချုပ်ထဲမှာကို နေ့ရောညပါ လက်ထိပ်အမြဲခတ်ထားတာ၊ ကင်းသမားတွေ ငိုက်တဲ့အချိန် အချုပ်ခန်းကိုဖောက်ပြီး ပြေးလာကြတာပါ။ အခုတော့ သူတို့ ၅ ယောက်လုံး လုံခြုံတဲ့နေရာကို ရောက်ပါပြီ။”

အချုပ်တရားခံတွေ လွတ်မြောက်သွားတာနဲ့ပတ်သက်ပြီး ပေါက်မြို့နယ်က ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ကတော့ ရေပြာရဲစခန်းက စခန်းမှူးကို ဖုန်းဆက်ပြီး ငေါက်ငန်း​ပြစ်တင်ပြောဆိုထားသလို ​ရေပြာရဲစခန်းမှူးကလည်း အချုပ်တရားခံတွေ လွတ်မြောက်သွားတယ်ဆိုတာ ဝန်ခံထားပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ပေါက်မြို့နယ်အရှေ့ဘက် ၁၂ မိုင်ဝန်းကျင်ကွာဝေးတဲ့ ရေပြာရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလထဲမှာ တိုက်ခိုက်ခဲ့တဲ့အတွက် စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013