DVB Logo
Home
အားကစား
ရလဒ်ဆိုးနေသည့်လက်စတာအသင်း လက်ထောက်နည်းပြ ၂ ဦးကို ထုတ်ပယ်
DVB
·
February 25, 2025
ရလဒ်ဆိုးနေသည့်လက်စတာအသင်း လက်ထောက်နည်းပြ ၂ ဦးကို ထုတ်ပယ်
Donate to DVB

ရလဒ်ဆိုးနေတဲ့ လက်စတာအသင်းဟာ လက်ထောက်နည်းပြ ၂ ယောက်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖိုဒ်အသင်းကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးပွဲတွေ့ခဲ့တဲ့ လက်စတာအသင်းဟာ နောက်ဆုံး ၁၁ ပွဲမှာ ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် လက်ထောက်နည်းပြတွေကို ထုတ်ပယ်ခဲ့တာပါ။

လက်ထောက်နည်းပြ ဘင်ဒေါ်ဆင်နဲ့ ဒမ်နီအဲလ်ကွတ်ခ်တို့ဟာ အရင်နည်းပြဟောင်း စတိကော့ပါး လက်ထက်က နည်းပြတွေဖြစ်ပြီး နည်းပြချုပ် နစ္စတယ်ရွိင်းက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အမှတ်ပေးဇယားအဆင့် ၁၉ ရောက်နေတဲ့ လက်စတာအသင်းဟာ တန်းဆင်းဇုန်ကနေ လွတ်ဖို့  အဆင့် ၁၇ က ဝုဗ်နဲ့ ၅ မှတ်ကွာဟနေတာပါ။

အပတ်စဉ်တိုင်းမှာ မိမိတို့ထက် ပိုကောင်းတဲ့အသင်းတွေနဲ့ ရင်ဆိုင်နေရပြီး အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ လိုအပ်ကြောင်း၊ အသင်းမှာရှိတဲ့ လူစာရင်းအရ ပရီးမီးယားလိဂ်မှ ဆက်လက်ရှင်သန်နိုင်ဖို့ ခက်ခဲတာက အရှိတရားဖြစ်ကြောင်း နည်းပြနစ္စတယ်ရွိင်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013