DVB Logo
Home
နိုင်ငံတကာ
Conclave ရုပ်ရှင်က သရုပ်ဆောင်ချင်း ရွေးချယ်သည့် SAG အမြင့်ဆုံးဆုကို သိမ်းပိုက်
DVB
·
February 24, 2025
Conclave ရုပ်ရှင်က သရုပ်ဆောင်ချင်း ရွေးချယ်သည့် SAG အမြင့်ဆုံးဆုကို သိမ်းပိုက်
Donate to DVB

၃၁ ကြိမ်မြောက် “ပိတ်ကားထက်က သရုပ်ဆောင်များအသင်း” SAG ရဲ့ ထူးချွန်ဆုပေးပွဲကို လော့စ်အိန်ဂျလိစ်မြို့မှာ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပခဲ့ပါတယ်။

SAG ဆုပေးပွဲဟာ မနှစ်ကထွက်ရှိခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွဲတွေကို ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး အော်စကာဆုရဲ့ ရှေ့ပြေးအဖြစ်လည်း ရှုမြင်ထားကြပါတယ်။

အဲဒီထဲမှာ ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ ‘Conclave’ အမည်ရ ဒရမ်မာဇာတ်ကားဟာ SAG ကပေးအပ်တဲ့ အမြင့်ဆုံးဆုကို ရရှိသွားပါတယ်။

အဲဒီနောက် ‘A Complete Unknown’ ဇာတ်ကားမှာ ဂန္ထဝင်အဆိုတော်ကြီး ဘော့ဘ်-ဒီလန် (Bob Dylan) အဖြစ် ပုံဖော်ပြနိုင်ခဲ့တဲ့ တင်မိုးသီး ရှားလမေး (Timothee Chalamet) က အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

‘The Substance’ ရုပ်ရှင်မှာ ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရှာဖွေလိုတဲ့ မင်းသမီးဇာတ်ရုပ်နဲ့ တကျော့ပြန်လာခဲ့တဲ့ ဒမ်မီမော (Demi Moore) ကလည်း အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို အရယူနိုင်ခဲ့ပါတယ်။

SAG ရဲ့ အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုတွေမှာတော့ ‘A Real Pain’ ရုပ်ရှင်ထဲက ကီရန်-ကော်လ်ကင် (Kieran Culkin)၊ ‘Emilia Perez’ (အမ်မီလီယာ ပဲရက်ဇ်) ဇာတ်ကားနဲ့ ဇိုဝီ - ဆယ်လ်ဒါးနား (Zoe Saldana) တို့ကို ရွေးချယ်ခဲ့ကြပါတယ်။

SAG က ဆုရရှိသူတွေကို သရုပ်ဆောင်အချင်းချင်း မဲပေးရတာဖြစ်တဲ့အတွက် လာမယ့်အပတ်ထဲ ကျင်းပဖို့ရှိနေတဲ့ အော်စကာဆုပေးပွဲနဲ့ ပုံစံတူတယ်လို့ ဆိုရမှာပါ။

အော်စကာဆုအတွက် မဲပေးရာမှာလည်း သရုပ်ဆောင်တွေသာ အများဆုံးပါဝင်တာကြောင့် အခုလိုမျိုး ထင်ကြေးပေး ခန့်မှန်းနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘုရင်ခေတ်အပေါ် အခြေခံရိုက်ကူးထားတဲ့ ဂျပန်သမိုင်းကြောင်း ဇာတ်လမ်းတွဲ ‘Shogun’ က အကောင်းဆုံးဒရမ်မာ တီဗီ-စီးရီးဆုနဲ့ ဆယ်လီနာ ဂိုးမက်ဇ်  ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Only Murders in the Building’ က အကောင်းဆုံးဟာသ တီဗီ-စီးရီးဆုကို ရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013