DVB Logo
Home
နိုင်ငံတကာ
The Brutalist နှင့် Conclave ရုပ်ရှင်တို့က ဗြိတိန်အကယ်ဒမီဆု အများဆုံးသိမ်းပိုက်
DVB
·
February 17, 2025
The Brutalist နှင့် Conclave ရုပ်ရှင်တို့က ဗြိတိန်အကယ်ဒမီဆု အများဆုံးသိမ်းပိုက်
Donate to DVB

ဗြိတိန်နိုင်ငံရဲ့  အကယ်ဒမီဆုပေးပွဲ ဘတ်ဖ်တာ (Bafta) မှာ The Brutalist နဲ့ Conclave ရုပ်ရှင်တွေက အဓိကဆုကြီးတွေကို အများဆုံး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသွားတဲ့ ဆုပေးပွဲအတွင်း ဂျာမန်ဒါရိုက်တာ အက်ဒ်ဝက်ဒ် ဘာဂါ (Edward Berger) ရဲ့ Conclave ဇာတ်ကားဟာ စုစုပေါင်း ဆု ၄ ဆု ရရှိခဲ့ပါတယ်။

အဲဒီထဲမှာ အမြင့်ဆုံးဆုတွေဖြစ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့ အကောင်းဆုံးဗြိတိန်ရုပ်ရှင်ဆု အပါအဝင် မှီငြမ်းဇာတ်ညွှန်းဆု (Adapted Screenplay) နဲ့ တည်းဖြတ်ဆုတွေပါ ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၉ ခုနှစ်တုန်းက “1917” ဆိုတဲ့ စစ်ပွဲနောက်ခံ ဇာတ်လမ်းပြီးရင် Bafta ရဲ့ အဓိကဆုနှစ်ခုစလုံးကို တနှစ်တည်းမှာ အရယူနိုင်ခဲ့တဲ့ ပထမဆုံးရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

အမေရိကန်ရုပ်ရှင်ဒါရိုက်တာ ဘရေဒီ ကောဘတ် (Brady Corbet) ရဲ့ “The Brutalist” ဇာတ်ကားကလည်း ဗြိတိန်အကယ်ဒမီဆု ၄ ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ကောဘတ် ကိုယ်တိုင် အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့ပြီး အဓိကသရုပ်ဆောင် အေဒရီယန် ဘရိုဒီ (Adrien Brody) က အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီရုပ်ရှင်ထဲမှာ ဟော်လိုကော့စ် (Holocaust) အကျဉ်းစခန်းကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဟန်ဂေရီဗိသုကာပညာရှင်တယောက်ရဲ့ အကြောင်းကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့တာကြောင့် နောက်ခံတေးဂီတဆုနဲ့ ရုပ်ရှင်ဓာတ်ပုံဆု (Cinematography) တွေပါ အရယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် “အနိုရာ (Anora)” ဇာတ်ကားနဲ့  မိုက်ကီ မက်ဒီဆင် (Mikey Madison) က အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု၊ “A Real Pain” ရုပ်ရှင်နဲ့  ကီရန် ကော်လ်ကင် (Kieran Culkin) က အမျိုးသားဇာတ်ပို့ဆု၊ အမ်မလီယာ ပဲရက်ဇ် (Emilia Pérez) ဇာတ်လမ်းနဲ့ ဇိုဝီ ဆယ်လ်ဒါးနား (Zoe Saldaña) က အမျိုးသမီးဇာတ်ပို့ဆုကို အသီးသီး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

“Anora” ရုပ်ရှင်ဟာ ရုရှားသူကြွယ်တယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့တဲ့ နယူးယောက်မြို့က ဝတ်လစ်စားလစ် ကချေသည်တယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားရာမှာ အော်စကာဆုပေးပွဲအတွက် တစ်ပြေးလျက်ရှိပါတယ်‌။

ဒါ့အပြင် “The Substance” ဇာတ်ကားနဲ့ Golden Globes အပါအဝင် Critics Choice ဆုတွေကိုပါ သိမ်းကျူံးရယူထားတဲ့ မင်းသမီးကြီး ဒမ်မီမော (Demi Moore) ကတော့ ပထမဆုံး အော်စကာဆုကို ပိုင်ဆိုင်နိုင်ဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဗြိတိန်သရုပ်ဆောင်တွေအတွက် Bafta ရဲ့ ထိပ်တန်းသရုပ်ဆောင်ဆု ၄ ဆုထဲက တဆုကိုမှမရတာ ၃ နှစ်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013