DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်ထက် ကော်ဖီမစ်ဈေး ၈ ဆကြီးလာ
DVB
·
February 23, 2025
စစ်ကောင်စီလက်ထက် ကော်ဖီမစ်ဈေး ၈ ဆကြီးလာ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ ဖေဖော်ဝါရီလအတွက် အသင့်ဖျော် ကော်ဖီမစ် ၁ ထုပ်ရဲ့ဈေးဟာ အာဏာမသိမ်းခင် ၂၀၂၁ ဖေဖော်ဝါရီလထက် ၈ ‌ဆဈေးကြီးလာတယ်လို့ ဈေးရောင်းဈေးဝယ်တွေက ပြောပါတယ်။

၂၀၂၁ က အသင့်ဖျော်ကော်ဖီမစ်ဈေးဟာ မြန်မာကျပ်ငွေ ၁၀၀ သာကျသင့်ပေမဲ့  ၄ နှစ်အကြာမှာ မြန်မာကျပ်ငွေ ၈၀၀ အထိ ဖြစ်လာခဲ့တာပါ။

ဒါ့အပြင် ဆိုင်ဖျော်လက်ဖက်ရည်တခွက်ဟာ ၂၀၂၁ ခုနှစ်မှာ ပုံမှန်တခွက် ၂၅၀ ကျပ်သာဖြစ်ပေမဲ့ လက်ရှိမှာ ပုံမှန်တခွက် ကျပ် ၁၀၀၀ ကနေ ကျပ် ၂၀၀၀ကြားအထိ မြင့်တက်သွားပါတယ်။

‌ဈေးဆိုင်ပိုင်ရှင်တဦးက “ဝယ်ဈေးက တပါကင် ၁၆၀၀၀၊ လက်လီဆို တထုပ် ၈၀၀ နဲ့တောင် ရောင်းပေးလို့ မရဘူး။ တက်တာကတော့ သွားတိုက်ဈေး၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်ကအစ အကုန်လုံးပဲ။ အရောင်းတော့ မရပ်သွားဘူး။ တချို့လည်း ၁၀ ထုပ်မှာတဲ့သူက ၆ ထုပ်လောက်ပဲ ယူတော့တယ်” လို့ ပြောပါတယ်။

ကော်ဖီမစ်ဖြန့်ချိတဲ့ အရောင်းဝန်ထမ်းတွေရဲ့ပြောပြချက်အရ ကော်ဖီမစ်တွေ ဈေးကြီးရခြင်းမှာ ကော်ဖီထုတ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ လိုသလောက်မရတာတွေနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းတာတွေကြောင့် ငွေကြေးဖောင်းပွပြီး ဈေးတက်ကုန်တာလို့ သိရပါတယ်။

လူလတ်တန်းစားတွေနဲ့ ဝင်ငွေနည်းပါးသူတွေရဲ့ အပန်း‌ဖြေရာနေရာဖြစ်တဲ့ လက်ဖက်ရည်ဆိုင်တွေမှာ လက်ဖက်ရည်နဲ့ ကော်ဖီဈေးတွေ အဆမတန်ဈေးကြီးလာပေမဲ့ မူးယစ်ထုတ်ကုန်တွေကတော့ ဈေးကျနေပြီး ကော်ဖီတထုပ်ဈေးလောက်ပဲ ရှိတော့တယ်လို့ မင်္ဂလာဒုံမြို့ခံတဦးက ပြောပါတယ်။

“ပလိန်းတခွက်က နို့စိမ်းပေါက်ရင် ဆိုင်မှာ ၁၂၀၀။ နွားနို့က တခွက် ၁၅၀၀။ ဒါတောင် ‌ရပ်ကွက်တိုင်းမှာ မရဘူး ရောင်းလည်း မရောင်းကြဘူး။ အသီးတွေကတော့ လမ်းဘေးကွမ်းယာဆိုင်ကအစ ရတယ်။ တပြားမှ ၇၀၀၊ ၈၀၀ လောက်ပဲ ရှိတော့တယ်။”

အာဏာမသိမ်းခင် နှစ်ပိုင်းတွေက သုံးလေထောင်လောက် ပေးဝယ်ရတဲ့ စိတ်ကြွဆေးပြားဟာ အခုလက်ရှိမှာ လက်ဖက်တခွက်ဖိုးစာလောက်သာ ပေးရတော့တယ်လို့ ဆိုပါတယ်။

ဆေးခြောက်၊ စိတ်ကြွဆေးပြား၊ ဘိန်းဖြူ၊ ကတ်တမင်းနဲ့ အိုက်စ်တွေကို ရန်ကုန်မူးယစ်ဆေးစျေးကွက်ထဲမှာ လွယ်လွယ်ကူကူဝယ်ယူရနေတာကြောင့် လူငယ်အများအပြား သုံးစွဲနေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013