အင်္ဂလန်ကလပ် မန်ချက်စတာစီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ကြောင်း သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိခဲ့ပါတယ်။
အသင်းပိုင်ရှင်တွေဟာ ၂၀၀၉ ရာသီကစပြီး စပွန်ဆာဝင်ငွေတွေကို မဟုတ်မမှန် ဟန်ပြ ပြုလုပ်ခဲ့ကြတာပါ။
ပေါင် သန်း ၈၀၀ ကျော်ကို လိမ်လည် ဖုံးကွယ်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း အများအပြားကို ငြိစွန်းသွားခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ မန်စီးတီးဟာ ကစားသမားစာချုပ်တွေနဲ့ စရိတ်တွေကို ပြင်ပကုမ္ပဏီတွေကနေတဆင့် လျှို့ဝှက်ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုကို မဟုတ်မမှန် သက်သေတွေနဲ့ ဟန့်တားဖို့ ကြိုးစားခဲ့တာကိုလည်း တွေ့ရှိခဲ့တာပါ။
မန်စီးတီးဘက်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး စပွန်ဆာ စာချုပ်တွေကို ပရီးမီးယားလိဂ်ဘက်က မှားယွင်းနားလည်နေတာလို့ တုံ့ပြန်ထားပါတယ်။










