
M23 သူပုန်အုပ်စုကို ထောက်ပံ့နေခြင်းကို ရပ်တန့်ဖို့နဲ့ ကွန်ဂိုနယ်မြေကနေ ချက်ချင်းဆုတ်ခွာဖို့ ရဝမ်ဒါစစ်တပ်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အရေးတကြီး တောင်းဆိုခဲ့ပါတယ်။
အဖွဲ့ဝင် ၁၅ ဦးက တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကွန်ဂိုနဲ့ ရဝမ်ဒါတို့ရဲ့ ပြဿနာကို သံတမန်နည်းနဲ့ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။
M23 ဟာ ကွန်ဂိုအရှေ့ပိုင်းရှိ အကြီးဆုံးမြို့ကြီး ၂ မြို့ကို သိမ်းပိုက်ထားပြီး စစ်ဘောင်ကျယ်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။
ရဝမ်ဒါက သူပုန်တွေကို လက်နက်နဲ့ လူအင်အား ထောက်ပံ့နေတယ်ဆိုတဲ့ ကွန်ဂိုနဲ့ ကုလရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ရဝမ်ဒါက သူတို့ကို ကွန်ဂိုစစ်တပ်နဲ့အတူ ဟူတူပြည်သူ့စစ်တွေက တိုက်ခိုက်နေခြင်းသာ ဖြစ်တယ်လို့ ကာကွယ် ပြောဆိုထားပါတယ်။
ကုလသမဂ္ဂက M23 ရဲ့ ကီဗူးတောင်နဲ့မြောက်မှာ ထိုးစစ်ဆင်မှုကို ပြင်းထန်စွာ ရှုတ်ချထား ပြီး M23 ရဲ့ ထိုးစစ်ကို ရပ်တန့်ပြီး ချက်ချင်းဆုတ်ခွာဖို့ တောင်းဆိုထားပါတယ်။
ကွန်ဂိုကတော့ ရဝမ်ဒါဟာ M23 သူပုန်တွေကို အသုံးချပြီး ရွှေနဲ့ ဖုန်းထုတ်လုပ်ရာမှာ သုံးတဲ့ ကော်တန်သတ္တုတွေ တူးဖော်နေတာလို့ ဆိုပါတယ်။
ရဝမ်ဒါဝန်ကြီး ၁ ဦးနဲ့ သူပုန်ခေါင်းဆောင် တဦးတို့ကိုလည်း အမေရိကန်နိုင်ငံက ကုန်သွယ်ခွင့်ပိတ်ဆို့ ထားပါတယ်။
Source : Reuters










