DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး စီကျူဘရောင်းကို ထရမ့်ပ် ထုတ်ပယ်
DVB
·
February 22, 2025
အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး စီကျူဘရောင်းကို ထရမ့်ပ် ထုတ်ပယ်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ရဲ့ အကြီးဆုံးစစ်တပ်အရာရှိဖြစ်တဲ့ စီကျူဘရောင်းကို ရာထူးကထုတ်ပယ်ခဲ့ပါတယ်။  ဒီရာထူးဟာ နိုင်ငံရဲ့ အမြင့်ဆုံးအဆင့် အရာရှိ ရာထူးလည်း ဖြစ်ပါတယ်။ 

ထရမ့်ပ်က “ကျတော်တို့ နိုင်ငံအတွက် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး စီကျူဘရောင်းနဲ့အတူ စစ်ဦးစီးအဖွဲ့ကို ကျေးဇူးတင်ပါတယ်” လို့ လူမှုကွန်ရက်မှာ ပို့စ်တင်ထားပါတယ်။ 

ထရမ့်ပ်ဟာ ထိပ်တန်းအရာရှိ ၅ ဦးကို လည်း အစားထိုးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးဘရောင်းဟာ အမေရိကန်ရဲ့ သမိုင်းတလျှောက် ဒုတိယမြောက် လူမဲအရာရှိ ဖြစ်ပြီး သမ္မတနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကာကွယ်ရေးဝန်ကြီးကို အကြံပေးရသူ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ပီးဟတ်ဆက်က ဗိုလ်ချုပ်ကြီးဘရောင်းဟာ သူ့ရဲ့ ညီမျှမှု၊ စစ်တပ်မှာ ပါဝင်မှု၊ လူမျိုးကျားမနဲ့ တန်းတူသတ်မှတ်မှုတွေ ရှိတဲ့သူ ဖြစ်တာကြောင့် ထုတ်ပယ်ခံရနိုင်တယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ 

ဟတ်ဆက်က စီနီယာအရာရှိ ၂ ဦးဖြစ်တဲ့ ရေတပ်အကြီးအကဲ လီဆာဖရန့်တီနဲ့ လေတပ် ဒုတိယအရာရှိ ဂျင်ဆလိုက်တို့ကို ရာထူးကနေ ထုတ်ပယ်ကြောင်း သောကြာနေ့က ပြောကြားခဲ့ပါသေးတယ်။ 

ဖရန့်တီဟာ ရေတပ်ကို ဦးစီးရတဲ့ ပထမဆုံးအမျိုးသမီးဖြစ်ပါတယ်။ ဒီအရာရှိ ၃ ဦးဟာ သမ္မတဟောင်း ဘိုင်ဒန်လက်ထက်က ခန့်အပ်ထားတဲ့ သူတွေဖြစ်ပြီး သောကြာနေ့က ထုတ်ပယ်ခံ ခဲ့ရတာပါ။ 

ဟတ်ဆက်က “သမ္မတထရမ့်ပ်လက်အောက်မှာ ကျတော်တို့ရဲ့ စစ်တပ်ကို ဦးဆောင်မှုအသစ်နဲ့ တိုက်ခိုက်ခြင်း၊ တားဆီးခြင်းနဲ့ အောင်မြင်ခြင်းတွေကို အဓိက အာရုံစိုက်ရမယ်” လို့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။ 

ထရမ့်ပ်က လေတပ်ဒုတိယဗိုလ်ချုပ်ကြီး ဒန်ကိန်းကို ပူးတွဲအရာရှိကြီးနေရာမှာ ခန့်ထားဖို့ အဆိုပြု ထားပါတယ်။ 

ဗိုလ်ချုပ်ကြီးဘရောင်းဟာ ၂၀၂၇ ခုနှစ်မှာ သူ့ရဲ့တာဝန်ထမ်းဆောင်တဲ့ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမဲ့ သူထုတ်ပယ်ခံရမှုနဲ့ပတ်သက်ပြီး ကောလာဟလတွေ အများကြီး ထွက်နေပါတယ်။

ဗိုလ်ချုပ်ကြီးဘရောင်းဟာ ၂၀၂၀ ခုနှစ်က ရဲ တဦးရဲ့ ဖမ်းဆီးခံရချိန် သေဆုံးခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ လူမျိုးရေးခွဲခြားမှုအကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ 

ဒါ့အပြင် လေတပ်ထဲမှာ လူမဲစစ်မှုထမ်းတွေရဲ့ အရည်အချင်းတွေကို မေးခွန်းထုတ်ခံနေရတယ်လို့ ဗွီဒီယိုပို့စ်တင်ပြီး ဖော်ပြခဲ့ဖူးပါတယ်။ 

အမေရိကန်မှာ ပူးတွဲအရာရှိနေရာမှာ လူမဲဖြစ်တဲ့ ကောလင်းပါဝဲလ်က ၁၉၈၉ ခုနှစ်ကနေ ၉၃ ခုနှစ်အထိ ပထမဆုံး တာဝန်ထမ်း ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ 

ပင်တဂွန်စစ်ဌာနချုပ်က အသုံးစရိတ် ဖြတ်တောက်မှုနဲ့ လာမဲ့အပတ်ထဲမှာ အစမ်းခန့် ဝန်ထမ်း ၅၄၀၀ ခန့်အပ်ဖို့ ရှိတယ်လို့လည်း ကြေညာထားပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013