
ချက်နိုင်ငံ၊ ဟရားဒက် ကရာလိုဗီ မြို့ရှိ ဈေးဝယ်စင်တာတခုမှာ ဖေဖော်ဝါရီ ၂၀ ရက်က တိုက်ခိုက်သူတယောက်ဟာ လူ ၂ ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ သံသယရှိတဲ့ တိုက်ခိုက်သူကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
သံသယရှိသူမှာ အသက် ၁၆ နှစ်အရွယ် ချက်နိုင်ငံသားတယောက်ဖြစ်ကြောင်း ချက်ရုပ်မြင်သံကြားက အစီရင်ခံပါတယ်။
“သတင်းပေးပို့ချက်ရအပြီး မိနစ်အနည်းငယ်အတွင်း အခင်းဖြစ်ပွားရာနေရာကို ကျနော်တို့ ရောက်ခဲ့ပေမဲ့ သေဆုံးသူ ၂ ဦးစလုံးဟာ အရေးပေါ်ကယ်ဆယ်ရေးသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေ လုပ်နေတဲ့ကြားမှာတောင် မကယ်တင်နိုင်တော့လောက်အောင် ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်” လို့ ရဲတပ်ဖွဲ့က X လူမှုကွန်ရက်မှာ ရေးထားပါတယ်။
ပရာ့ဂ်မြို့ရဲ့ အရှေ့ဘက် ၁၁၀ ကီလိုမီတာ (၆၈ မိုင်) အကွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Source : Reuters










