DVB Logo
Home
နိုင်ငံတကာ
တက္ကဆက်ပြည်နယ်၌ စျေးဝယ်စင်တာအနီး ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေဆုံး
DVB
·
September 1, 2023
တက္ကဆက်ပြည်နယ်၌ စျေးဝယ်စင်တာအနီး ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေဆုံး
Donate to DVB

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရဲ့ ဈေးဝယ်စင်တာအနီးမှာ သြဂုတ် ၃၁ ရက်က ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

ဒီဖြစ်ရပ်အတွင်း နောက်ထပ် ၃ ဦး ဒဏ်ရာရရှိခဲ့သလို အဲ့ဒီထဲက ၁ ဦးကလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာ The Arboretum ဈေးဝယ်စင်တာအနီးမှာ ရဲတပ်ဖွဲ့ ရောက်ရှိလာတာကို ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။

ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂ မိနစ်မှာ ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း အော်စတင်-ထရားဗစ် ကောင်တီရဲ့ အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာနအရ သိရပါတယ်။

အရင်က တွစ်တာလို့ သိထားကြတဲ့ X လူမှုကွန်ရက်မှာ သံသယရှိသူတွေကို မဖမ်းမိသေးဘူး ဆိုပြီး အော်စတင်ရဲဌာနက ပို့စ်တင်ထားပါတယ်။

ဒါ့အပြင် အများပြည်သူအပေါ်  ခြိမ်းခြောက်မှု မရှိခဲ့ဘူးလို့လည်း ရဲတပ်ဖွဲ့အနေနဲ့ အခိုင်အမာ ပြောဆိုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013