DVB Logo
Home
နိုင်ငံတကာ
ကွမ်တမ်ကွန်ပျူတာခေတ်ကို ရောက်နိုင်သည့် ချစ်ပ်ပြားအသစ် မိုက်ခရိုဆော့ဖ် ပြသ
DVB
·
February 20, 2025
ကွမ်တမ်ကွန်ပျူတာခေတ်ကို ရောက်နိုင်သည့် ချစ်ပ်ပြားအသစ် မိုက်ခရိုဆော့ဖ် ပြသ
Donate to DVB

ချစ်ပ်ပြားအသစ်က အမြန်ဆုံးလုပ်ဆောင်နိုင်စွမ်းရှိတဲ့ ကွမ်တမ်ကွန်ပျူတာခေတ်ကို ရောက်ရှိအောင် ပြုလုပ်နိုင်စွမ်းရှိကြောင်း မိုက်ခရိုဆော့ဖ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က ပြသခဲ့တဲ့ မိုက်ခရိုဆော့ရဲ့ ချစ်ပ်ပြားအသစ်ဟာ ကွန်ပျူတာနည်းပညာတွေထဲမှာ အခြေခံကျတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ Google နဲ့ IBM က ခန့်မှန်းထားပါတယ်။

ကွမ်တမ်ကွန်ပျူတာဟာ ဆေးပညာ၊ ဓာတုဗေဒနဲ့ ပင်လယ်မှာရှိတဲ့ မော်လီကျူးတွေ ပေါင်းစပ်နိုင်ခြေ ရှိတာလိုမျိုး အခြားတွက်ချက်မှုတွေ များစွာကိုလည်း တွက်ချက်ပေးနိုင်တယ်လို့ ကတိပြုထားပါတယ်။

ဒါ့အပြင် ကွန်တမ်ကွန်ပျူတာတွေဟာ ဒီနေ့ခေတ်မှာ သုံးနေတဲ့ ဆိုက်ဘာလုံခြုံရေးစနစ်တွေကို ပြောင်းပြန်လှန်နိုင်စွမ်းရှိတဲ့ အန္တရာယ်မျိုးကိုလည်း ထိန်းချုပ်ပေးထားနိုင်တယ်လို့ ဆိုပါတယ်။

ကွမ်တမ်ကွန်ပျူတာတွေရဲ့ အကြီးဆုံးစိန်ခေါ်မှုက ထိန်းချုပ်ဖို့ ခက်ခဲတာနဲ့ Error အဖြစ်များတတ်တာ ဖြစ်ပါတယ်။

ကွမ်တမ်ကွန်ပျူတာတွေရဲ့ အခြေခံတည်ဆောက်မှုမှာ ကျူ့ဘစ်တွေ ပါဝင်ပြီး ပုံမှန်ကွန်ပျူတာတွေထက် မယုံကြည်နိုင်စရာကောင်းလောက်တဲ့ အမြန်နှုန်း ရရှိမှာပါ။

မာဂျိုရာနာ ၁ ချစ်ပ်ပြားဟာ အခြား ပြိုင်ဘက် ချစ်ပ်ပြားတွေထက် error ဖြစ်ပွားမှုနှုန်း နည်းပါးတယ်လို့ မိုက်ခရိုဆော့ဖ်က ပြောထားပါတယ်။

ကုမ္ပဏီရဲ့ ပြောဆိုချက်အရ တိုးတက်လာတဲ့ ချစ်ပ်ပြားအသစ်ဟာ ကမ္ဘာ့ပထမဆုံး တိုပိုကွန်ဒတ်တာလို့ ဆိုပါတယ်။

ဒါဟာ ကွမ်တမ်ကွန်ပျူတာတွေရဲ့ အခြေခံဖြစ်ပြီး ကွမ်တမ်စနစ်ကို သွားတဲ့နေရာမှာ လမ်းကြောင်းတခု ဖြစ်လာမှာလို့ မိုက်ခရိုဆော့ဖ်ရှိ ဒေါ်ကတာ နာယက်က ပြောပါတယ်။

ကွမ်တမ်ကွန်ပျူတာ နည်းပညာနယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့် တီထွင်မှု နည်းပညာတခုလည်း ဖြစ်လာပါတယ်။

အန်ဗီးဒီးယာ စီအီးအိုက ကွမ်တမ်က နည်းပညာဟာ သူ့ရဲ့ ချစ်ပ်ပြားတွေထုတ်တဲ့ ကုမ္ပဏီရဲ့ နည်းပညာကို နှစ် ၂၀ လောက် ကျော်တက်သွားပြီလို့ ပြီးခဲ့တဲ့လက ပြောခဲ့ဖူးပါတယ်။

Google ကလည်း ပြီးခဲ့တဲ့နှစ်က ကွမ်တမ်ချစ်ပ်ပြားသစ်ကို ပြသခဲ့ဖူးပါတယ်။ IBM ကတော့ အကြီးစား ကွမ်တမ်ကွန်ပျူတာတွေဟာ ၂၀၃၃ ခုနှစ်မှာ အွန်လိုင်းပေါ် ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မိုက်ခရိုဆော့ဖ်က မာဂျိုရာနာ ၁ စမ်းသပ်မှုကို နှစ်ပေါင်း ၂၀ နီးပါး ပြုလုပ်ခဲ့ပြီး ၁၉၃၀ ခုနှစ်က သီအိုရီတခုအပေါ် မူတည်ပြီး စမ်းသပ်နေတာပါ။

အဲဒီစနစ်ဟာ ကွမ်တမ်ကွန်ပျူတာတွေကို အမှားနည်းပါးစေမှာ ဖြစ်ပေမဲ့ ဒီတီထွင်မှုကို ကိုင်တွယ်မယ့် ရူပဗေဒပညာရှင် ရှာတွေ့ဖို့ ခက်ခဲပါတယ််

မိုက်ခရိုဆော့ဖ်က ထုတ်လုပ်တဲ့ ချစ်ပ်ဟာ Google နဲ့ IBM တို့က ထုတ်တဲ့ ချစ်ပ်တွေထက် ကျူ့ဘစ် နည်းပါးပါတယ်။ ဒီလိုနည်းပါးတာက အမှားလည်း နည်းနိုင်တယ်လို့ မိုက်ခရိုဆော့ဖ်က ယုံကြည်ထားပါတယ်။

ချစ်ပ်ပြားထုတ်လုပ်တာနဲ့ပတ်သက်ပြီး ဘယ်တော့ အောင်မြင်မလဲဆိုတာ မိုက်ခရိုဆော့ဖ်က အချိန်သတ်မှတ်မထားပေမဲ့ ဆယ်စုနှစ်တွေ အများကြီး ကြာမှာမဟုတ်ဘူးလို့ ကုမ္ပဏီရဲ့ ဘလော့မှာ ရေးသားထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013