DVB Logo
Home
မြန်မာသတင်း
တရားမဝင် အိန္ဒိယပတ်စပို့ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းဆီးခံရ
DVB
·
February 20, 2025
တရားမဝင် အိန္ဒိယပတ်စပို့ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းဆီးခံရ
Donate to DVB

အိန္ဒိယနိုင်ငံ၊ တလန်ဂါးနားပြည်နယ်ထဲမှာ အိန္ဒိယနိုင်ငံကူးလက်မှတ် ပတ်စပို့ကိုင်ဆောင်ထားတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၃ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း The Times of India သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

နူးရ် မိုဟာမက်ဒ်၊ မိုဟာမက်ဒ် အာရော့ဘ်နဲ့ ဆူးမိုင်းရ် အမည်ရတဲ့ မြန်မာနိုင်ငံသား ၃ ယောက် ကိုတော့ ဂျတ်ချေးလာရဲတပ်ဖွဲ့က  ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖမ်းမိခဲ့တာဖြစ်ကာ သူတို့အားလုံးဟာ မြန်မာနိုင်ငံကဖြစ်ပြီး လယ်ယာလုပ်ငန်းတခုမှာ လုပ်သားတွေအဖြစ် လုပ်ကိုင်နေကြသူတွေလို့ ဆိုပါတယ်။

နူးရ်မိုဟာမက်ဒ်ကတော့ အိန္ဒိယနိုင်ငံထဲကို ၂၀၁၂ ခုနှစ်က တရားမဝင် ဝင်ရောက်ခဲ့ပြီးနောက် ဘာလာပူမြို့က ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ကာ အဲဒီနောက် တရားမဝင်ပွဲစားတယောက်ရဲ့ အကူအညီနဲ့ အိန္ဒိယနိုင်ငံကူးလက်မှတ် ပတ်စပို့ရရှိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပတ်စပို့နဲ့ သူဟာ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်ခဲ့ပြီး စက်ချုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကာ  ၂၀၂၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရွှေ့ပြောင်းခဲ့ပြီးနောက် ဒေသခံ အမျိုးသမီးတယောက်နဲ့ လက်ထပ်ခဲ့ကာ မြန်မာနိုင်ငံကပဲဖြစ်တဲ့ အာရော့ဘ်နဲ့ ဆူးမိုင်းရ်တို့ကို အဲဒီမှာပဲ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီနောက် နူးရ်ဟာ အာရော့ဘ်နဲ့ ဆူးမိုင်းရ်တို့ကို ခေါ်ဆောင်လာပြီး အိန္ဒိယနိုင်ငံထဲကို တြိပူရကနေတဆင့် တရားမဝင် ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကို တရားမဝင် လုပ်ဆောင်မှုတွေနဲ့ အိန္ဒိယပတ်စပို့ဥပဒေနဲ့ နိုင်ငံခြားသားများအက်ဥပဒေတို့အရ အမှုဖွင့်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: The Times of India

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013