DVB Logo
Home
နိုင်ငံတကာ
ကန်တပ်ကီပြည်နယ်တွင် ရေကြီးမှုနှင့် နှင်းမုန်တိုင်းကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံး
DVB
·
February 18, 2025
ကန်တပ်ကီပြည်နယ်တွင် ရေကြီးမှုနှင့် နှင်းမုန်တိုင်းကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံး
Donate to DVB

အမေရိကန်ပြည်ထောင်စု ကန်တပ်ကီပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဖေဖော်ဝါရီ ၁၇ ရက်က ပြည်နယ်တဝန်းမှာ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့ပြီး ပြည်နယ်မှာ  ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိခိုက်စေနိုင်တဲ့ နှင်းမုန်တိုင်းဒဏ်ကိုလည်း ကြုံနေရကြောင်း အုပ်ချုပ်ရေးမှူး အန်ဒီ ဘီရှီးယားက ပြောပါတယ်။

စနေနေ့က ကန်တပ်ကီပြည်နယ်နဲ့ အနီးတဝိုက်ရှိ ပြည်နယ်အားလုံးနီးပါးမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေရေးအဖွဲ့တွေဟာ ကယ်ဆယ်ရေးမစ်ရှင် ၁,၀၀၀ ကျော်ကို လုပ်ဆောင်ခဲ့ပါတယ်။

သေဆုံးမှု ၁၁ မှုထဲက ၉ မှုမှာ ရေကြီးရေလျှံမှုကြောင့်ဖြစ်ပြီး ၂ မှုက လမ်းမတော်တဆမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

နှင်းမုန်တိုင်းရဲ့ သက်ရောက်မှုကလည်း မပြီးပြတ်သေးကြောင်းနဲ့ သေဆုံးအရေအတွက်လည်း တိုးလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

လူရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၄,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး တခြား ၁၇,၀၀၀ လောက်က သောက်သုံးရေ မရှိတော့တာကြောင့် အရေးပေါ်အခြေအနေ ဖြစ်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဘီရှီးယားက ဆိုပါတယ်။

ကန်တပ်ကီပြည်နယ်တခုလုံးရဲ့ မတူညီတဲ့ နေရာအမျိုးမျိုးမှာ ရေတွေရှိနေသေးပြီး တမိနစ်အတွင်းမှာပဲ လမ်းပေါင်း ၃၀၀ ကျော်လောက် ထိခိုက်ပြီးတော့ ပိတ်နေသေးကြောင်းလည်း ပြောပါတယ်။

အင်ဒီယားနားနဲ့ တန်နက်ဆီ ပြည်နယ်တို့က လေကြောင်းဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ကန်တပ်ကီ အမျိုးသားအစောင့်တပ်ကို ဖြန့်ကျက်ချထားခဲ့ပါတယ်။

အိုဟိုင်းယိုးပြည်နယ်၊ အင်ဒီယားနားနဲ့ တန်နက်ဆီတို့မှ ဖက်ဒရယ်မြို့ပြရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေလည်း တုံ့ပြန်ဆောင်ရွက်ခဲ့ကြပါတယ်။

ပြည်နယ်ရဲ့ တချို့နေရာတွေမှာ မိုးရေချိန် ၈ လက်မကျော် ရွာသွန်းခဲ့ပြီး လမ်းမှာလည်း ဆီးနှင်းတွေက ၆ လက်မအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013