
ဂျေဇီနဲ့ ရှောင်ဒစ်ဒီတို့ ၂ ဦးကို မုဒိန်းမှုနဲ့ တရားစွဲထားတဲ့ စွပ်စွဲချက်ကို တရားစွဲသူဘက်က ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
၂၀၀၀ ခုနှစ်က အသက် ၁၃ နှစ်အရွယ် မိန်းကလေး တဦးကို အဓ္ဓမပြုကျင့်ခဲ့ကြောင့် စွပ်စွဲခံထား ရတာဖြစ်ပြီး ပြန်ရုပ်သိမ်းတဲ့အကြောင်း သောကြာနေ့က နယူးယော့ခ်မြို့တရားရုံးစာရွက်တွေမှာ ဖော်ပြ ပါတယ်။
အမည်မဖော်လိုသူ တရားစွဲသူရဲ့ ရှေ့နေက အမှုကို ပြန်လည်ရုပ်သိမ်းခဲ့တာလို့ တရားရုံးမှတ်တမ်း တွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဂျေဇီက “ဒီစွပ်စွဲချက်ဟာ စိတ်ကူးယဉ်ဆန်ပြီး ပေါ့ပျက်ပျက်စွပ်စွဲမှု တခုပါ။ ကြောက်စရာ ကောင်း တဲ့ စွပ်စွဲချက်က ပယ်ဖျက်ပြီးပါပြီ။ ကျတော့် ဇီနီးနဲ့ ကလေးတွေခံစားရတဲ့ စိတ် ဒဏ်ရာ ကတော့ ပယ်ဖျက်လို့ မရပါဘူး။ တရားရုံးတွေက အပြစ်မရှိဘဲ၊ သက်သေမရှိဘဲ စွပ်စွဲခံရသူတွေကို ကာကွယ် ပေးရမှာပါ။ အမှန်တရားက သားကောင်ဖြစ်ခဲ့သူအားလုံးနဲ့ မှားယွင်းစွာစွပ်စွဲခံရသူတွေကို အောင်မြင် မှာပါ” လို့ ပြောပါတယ်။
တရားလိုရှေ့နေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ရှောင်ဒစ်ဒီကို အရင် တရားစွဲခဲ့တာဖြစ်ပြီး ဂျေဇီကို ဒီဇင်ဘာလမှာ ထည့်သွင်းစွပ်စွဲခဲ့တာဖြစ်ပါတယ်။
၂၀၀၀ ခုနှစ် MTV ဆုချီးမြှင့်တဲ့ ပါတီအပြီးမှာ မုဒိန်းမှုကို ၂ ယောက်စလုံးက ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲ ခဲ့တာဖြစ်ပါတယ်။
Source-Reuters










