DVB Logo
Home
နိုင်ငံတကာ
ရုရှား-ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး သုံးပွင့်ဆိုင်ဆွေးနွေးမည်ဟု ထရမ့်ပ် အတည်ပြု
DVB
·
February 14, 2025
ရုရှား-ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး သုံးပွင့်ဆိုင်ဆွေးနွေးမည်ဟု ထရမ့်ပ် အတည်ပြု
Donate to DVB

အမေရိကန် အပါအဝင် ရုရှားနဲ့ ယူကရိန်း အရာရှိတွေဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် သုံးပွင့်ဆိုင် ဆွေးနွေးသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင် ကြေညာလိုက်ပါတယ်။

ထရမ့်ပ်ရဲ့  ဒီကြေညာချက်ဟာ ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇလန်းစကီး တို့နဲ့ သီးခြားစီ ဖုန်းပြောခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ ပူတင်ကြား စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေ စတင်မယ်လို့ ကတိပြုခဲ့ရာမှာ ဇလန်းစကီးက “လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတခုအနေနဲ့ ဒါကို လက်မခံနိုင်ပါဘူး” လို့ မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် “ဥရောပနိုင်ငံတွေပါ ညှိနှိုင်းရေးစားပွဲဝိုင်းမှာ ပါဝင်ဖို့လိုအပ်ကြောင်း” ဇလန်းစကီးက ပြောဆိုခဲ့ပြီး “လုံခြုံရေးဆိုင်ရာ အာမခံချက်တွေ” ဟာ အဓိကဦးစားပေး ဖြစ်တယ်လို့ ထရမ့်ပ်ကို တိုက်တွန်းခဲ့ပါတယ်။

ဒါဟာ ယူကရိန်းသမ္မတဘက်က သူတို့နိုင်ငံပါဝင်ခြင်းမရှိဘဲ အမေရိကန်နဲ့ ရုရှားတို့ အဆိုပြုလာမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်ခံမှာမဟုတ်ကြောင်း သတိပေး ပြောဆိုခဲ့တာပါ။

ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန် ကလည်း ရုရှားနဲ့ဆွေးနွေးရာမှာ ဇလန်းစကီး တယောက်တည်းသာ ယူကရိန်းကို ကိုယ်စားပြုခွင့်ရှိပြီး “အလျှော့ပေးလိုက်ရတဲ့ငြိမ်းချမ်းရေး” ဟာ “လူတိုင်းအတွက် မကောင်းသတင်း” သာ ဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က ဂျာမနီနိုင်ငံ မြူးနစ်မြို့က လုံခြုံရေးညီလာခံမှာ အမေရိကန်ဒု-သမ္မတ ဂျေဒီဗန့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို တို့ကို ဇလန်းစကီးက တွေ့ဆုံဖို့ ရှိနေပါတယ်။

အဲဒီနောက် ယူကရိန်းရဲ့  NATO မဟာမိတ်အဖွဲ့ထဲ ဝင်ရောက်လိုမှုဟာ “လက်တွေ့မကျ” သလို ၂၀၁၄ ရုရှားကျူးကျော်မှုမတိုင်ခင်က ပိုင်နက်အတိုင်း ပြန်ရဖို့ကိုလည်း “မဖြစ်နိုင်လောက်ဘူး” ဆိုပြီး ထရမ့်ပ်က ပြောဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုရှားလိုလားတဲ့ ယူကရိန်းသမ္မတ ဖြုတ်ချခံရပြီးနောက် မော်စကိုက ပင်လယ်နက်ကျွန်းဆွယ် ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့တဲ့အပြင် ကိယက်ဗ်အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေရဲ့  နယ်မြေသိမ်းယူမှုကိုပါ ပံ့ပိုးပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း တနိုင်ငံလုံးရဲ့ ၅ ပုံ ၁ ပုံဖြစ်တဲ့ အရှေ့နဲ့ တောင်ဘက်ပိုင်းက နယ်မြေတွေကို ထိန်းချုပ်ထားသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း နေရာအနှံ့အပြား ဖော်ဆောင်နေပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013