
ဥရောပသမ္မတ (EU) ကနေ တင်သွင်းတဲ့ ကားတွေကို လာမဲ့အပတ်မှာ အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဒါဟာ ၁၅ ရာခိုင်နှုန်းအခွန်တိုးကောက်ဖို့သဘောတူထားတာကနေ အခွန်ရာခိုင်နှုန်းတိုးမြှင့်မှာ ဖြစ်ပါတယ်။
ဥရောပရှိ စီးပွားရေးသမားတွေနဲ့ နိုင်ငံရေးသမားတွေက ဒီလိုအခွန်တိုးကောက်မှုဟာ အမေရိကန်ရဲ့ သရုပ်မှန်တွေ ပေါ်လာတာဖြစ်တယ်လို့ ဝေဖန်ထားပြီး အမေရိကန်ထုတ်ကုန်တွေကို တန်ပြန် အခွန်တိုးဖို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
ဥရောပစီးပွားရေးကော်မရှင်ကတော့ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ သဘောတူခဲ့တဲ့ စီးပွားရေး သဘောတူညီမှုတွေကို မချိုးဖောက်ဘူးလို့ ချက်ချင်း ပြောဆိုထားတာ တွေ့ရပါတယ်။
EU ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို မလိုက်နာတာကြောင့် EU ထုတ် ကားနဲ့ ကုန်တင်ကားတွေကို အခွန်တိုးမှာဖြစ်ပါတယ်။
“ဥရောပသမဂ္ဂဟာ ကျနော်တို့နဲ့ သဘောတူထားတာတွေကို အပြည့်အဝ မလိုက်နာတာကြောင့် လာမဲ့ အပတ်ကစပြီး ကားနဲ့ ကုန်တင်ကားတွေကို အခွန်တိုးကောက်မှာပါ” လို့ ထရမ့်ပ်က ဆိုရှယ် မီဒီယာမှာ ဖော်ပြပါတယ်။
EU က ကားထုတ်လုပ်မှုတွေကို အမေရိကန်မှာ လာလုပ်မယ်ဆိုရင်တော့ အခွန်ပေးရမှာ မဟုတ်ဘူးလို့လည်း ထရမ့်ပ်က ထပ်မံရေးသားထားပါတယ်။
ထရမ့်ပ်ဟာ အခွန်တိုးကောက်တာနဲ့ ဥရောပ ကားထုတ်လုပ်ရေးလုပ်ငန်းတွေကို အမေရိကန်ဆီ အလျှင်အမြန် ရွှေ့ဖို့ တွန်းအားပေးနေတာဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ဥရောပက တပ်တွေစေလွှတ်ဖို့ ငြင်းဆိုခဲ့ပြီးတဲ့နောက် အခွန်နှုန်းထားတွေ တိုးမြှင့်ဖို့ ထရမ့်ပ်က စီစဉ်နေတာပါ။
အီရန်အရေးမှာ အမေရိကန် အရှက်ကွဲတယ်လို့ ဂျာမနီအဓိပတိက ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး လည်း ဥရောပရှိ အမေရိကန်တပ်ဖွဲ့ဝင်ဦးရေကို လျော့ချမယ်လို့ ထရမ့်ပ်က ပြောဆိုထားပါတယ်။
Source:Reuters











