DVB Logo
Home
နိုင်ငံတကာ
အပစ်ရပ်သဘောတူညီမှုအရ ဂါဇာစစ်ရေးဇုန်မှ အစ္စရေးတပ်များ စတင်ရုပ်သိမ်း
DVB
·
February 11, 2025
အပစ်ရပ်သဘောတူညီမှုအရ ဂါဇာစစ်ရေးဇုန်မှ အစ္စရေးတပ်များ စတင်ရုပ်သိမ်း
Donate to DVB

ဂါဇာဒေသ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ပိုင်းခြားထားတဲ့ နတ်ဇာရင်မ်-စင်္ကြံ (Netzarim Corridor) စစ်ရေးဇုန်ကနေ အစ္စရေးတပ်တွေ ဆုတ်ခွာသွားပြီလို့ သိရပါတယ်။

ဒါဟာ ဇန်နဝါရီ ၁၉ အပစ်ရပ်သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်ခဲ့တာ ဖြစ်သလို လက်ရှိအချိန်အထိလည်း အစ္စရေးဓားစာခံ ၁၆ ယောက်နဲ့ ပါလက်စတိုင်းအကျဉ်းသား ၅၆၆ ယောက်တို့ လဲလှယ်ခဲ့ပြီးဖြစ်ပါတယ်။

အခုလိုမျိုး အစ္စရေးတပ်တွေ ရုပ်သိမ်းသွားပြီးနောက် အတိပျက်စီးနေတဲ့ ဂါဇာမြောက်ပိုင်းကို ပါလက်စတိုင်းဒေသခံ ရာနဲ့ချီ ကားတွေ၊ လှည်းတွေနဲ့အတူ ပြန်လာကြတာ တွေ့ရပါတယ်။

အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ရဲ့ နောက်ထပ် ၃ ပတ်ကာလ ပြီးဆုံးချိန်မှာတော့ အစ္စရေးနဲ့ ဟားမတ်စ်ကြား ဓားစာခံ ၃၃ ယောက်နဲ့ အကျဉ်းသား ၁,၉၀၀ စီ ပြန်လွှတ်ပေးမယ်လို့ မျှော်မှန်းထားပါတယ်။

အဲဒီဓားစာခံ ၃၃ ယောက်ထဲက ၈ ယောက်ကိုတော့ သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးက အတည်ပြုပါတယ်။

လွန်ခဲ့တဲ့လတုန်းက စင်္ကြံရဲ့ အနောက်ဘက်ပိုင်းကို အစ္စရေးတပ်တွေ တစိတ်တပိုင်း စွန့်ခွာခဲ့ပါတယ်။

အခုတစ်ခေါက် စင်္ကြံအရှေ့ဘက်ပိုင်းကို ဆုတ်ခွာမှုနဲ့ပတ်သက်ပြီး အစ္စရေးကာကွယ်ရေးတပ်က တရားဝင် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ဂါဇာမြောက်ပိုင်းကို ခြေလျင်ပြန်ကြမယ့် ပါလက်စတိုင်းတွေအတွက် မြေထဲပင်လယ် ကမ်းရိုးတန်းတလျှောက်က ရာရှိ(ဒ်) လမ်းမကြီးအတိုင်း သွားလာခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ယာဉ်နဲ့ သွားလာသူတွေကတော့ ဆာလာအာလ်-ဒင်လမ်းကို အသုံးပြုရပြီး အမေရိကန်နဲ့ အီဂျစ် လုံခြုံရေးကုမ္ပဏီတွေရဲ့ လက်နက်စစ်ဆေးမှုတွေ ရှိနေပါတယ်။

အပစ်ရပ် ဒုတိယအဆင့်မှာ စစ်ပွဲ အပြီးတိုင်ချုပ်ငြိမ်းဖို့ ရည်ရွယ်ထားပြီး ဂါဇာမှာ အသက်ရှင်ကျန်ရစ်နေတဲ့ ဓားစာခံအားလုံးနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကြား လဲလှယ်ကာ အစ္စရေးစစ်တပ် အလုံးစုံရုပ်သိမ်းပေးဖို့အထိ ပါဝင်ပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်မှာတော့ ပါလက်စတိုင်းနယ်မြေအတွင်း “စိုးရိမ်ရတဲ့” အခြေအနေတွေနဲ့ ပတ်သက်ပြီး အာရပ်အဖွဲ့ချုပ်ရဲ့ အရေးပေါ်အစည်းအဝေးကို ခေါ်ယူသွားမယ်လို့ အီဂျစ်နိုင်ငံက ပြောကြားထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013