
တိုက်စစ်မှူးသစ် ရက်ရှ်ဖို့ဒ်ကို ပြန်လည်ဆွဲတင်နိုင်ဖို့က ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ကြောင်း ဗီလာ နည်းပြအူနိုင်းအမ်မရီက ပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ မန်ယူအသင်းမှာ တလကျော်လောက် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် ဗီလာအသင်းဆီကို ကနဦးအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတာပါ။
ရက်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြန်လည်ဆွဲတင်နိုင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီး စိတ်လှုပ်ရှားစရာလည်းကောင်းတယ်လို့ နည်းပြအမ်မရီကပြောပါတယ်။
မန်ယူနိုက်တက်ကနေ ဘာကြောင့်ထွက်ခွါလာသလဲဆိုတဲ့မေးခွန်းအပေါ် မစဉ်းစားချင်ကြောင်း၊ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ခဲ့တဲ့အပေါ် ကျေနပ်မိပြီး တဦးချင်းရော၊ အသင်းလိုက်ပါ စွမ်းဆောင်ရည် ကောင်းလာဖို့ ကူညီပေးသွားမှာဖြစ်ကြောင်း နည်းပြအမ်မရီက ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အကောင်းဆုံးစွမ်းဆောင်ရည် ပြန်လည်ရရှိဖို့အတွက် ကြီးမားတဲ့ အလားအလာရှိသူလို့လည်း နည်းပြအမ်မရီက ချီးကျူးသွားပါတယ်။
Photo: Reuters