DVB Logo
Home
မြန်မာသတင်း
စစ်တပ်၊ ရဲနှင့် ပုံစံတူ ဖန်တီးဝတ်ဆင်သည့် လုံခြုံရေးကုမ္ပဏီနှင့် အသင်းအဖွဲ့များကို အရေးယူမည်
DVB
·
February 6, 2025
စစ်တပ်၊ ရဲနှင့် ပုံစံတူ ဖန်တီးဝတ်ဆင်သည့် လုံခြုံရေးကုမ္ပဏီနှင့် အသင်းအဖွဲ့များကို အရေးယူမည်
Donate to DVB

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့ စစ်တပ်နဲ့ ရဲတွေ ဝတ်ဆင်တဲ့ ယူနီဖောင်းပုံစံတူ ချုပ်လုပ်ဝတ်ဆင်ပါက အရေးယူသွားမယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထဲရေးဝန်ကြီးအဖြစ် မကြာသေးခင်ကမှ ခန့်အပ်လိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နေပြည်တော်မှာ ဖေဖော်ဝါရီ ၅ ရက် မနက်က ပြုလုပ်တဲ့ ရုံးတွင်းအစည်းအဝေးမှာ အသိပေး ပြောဆိုခဲ့တာပါ။

နိုင်ငံအတွင်းမှာရှိနေတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေနဲ့ အသင်းအဖွဲ့အချို့ဟာ နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ ယူနီဖောင်းကို မှီငြမ်းပြီး ချုပ်လုပ်ဝတ်ဆင်နေတာ တွေ့ရတဲ့အတွက် ဥပဒေကြောင်းအရ အရေးယူသွားမှာလို့ ပြောဆိုခဲ့တာပါ။

ဒီလို အသိပေးပြောဆိုမှုဟာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် လက်ထက်ကတည်းက ဖြစ်ပြီး လက်တွေ့မှာ လုံခြုံရေးကုမ္ပဏီတွေနဲ့ အသင်းအဖွဲ့တွေကို အရေးယူဆောင်ရွက်တာ မရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“အဲလိုပြောတာ ၄ နှစ်ရှိပြီ၊ တကယ်တမ်း ဘယ်သူမှ အရေးယူတာမရှိဘူး။ လုံခြုံရေးကုမ္ပဏီ အချို့က တပ်က ရှယ်ယာထည့်ထားရှိတယ်။ တချို့အသင်းအဖွဲ့တွေဆိုလည်း အငြိမ်းစား ယူသွားတဲ့လူတွေ လုပ်နေတာရှိတယ်။ လိုင်စင်သက်တမ်းတိုးခါနီးမှ ထပြောတာမျိုး မဖြစ်ချင်ဘူး။”

နိုင်ငံဝန်ထမ်းတွေ ဝတ်ဆင်တဲ့ ယူနီဖောင်းပုံစံတူ ချုပ်လုပ်ဝတ်ဆင်ပြီး နိုင်ငံတော်အကြည်ညို ကင်းမဲ့အောင် ပြုမူလုပ်ဆောင်ပါက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၆၊ ပုဒ်မ ၁၇(၁) အရ အရေးယူဆောင်ရွက်လို့ရတယ်လို့ တရားလွှတ်တော်ရှေ့နေတယောက်က DVB ကို ပြောပါတယ်။

“တကယ်တမ်း အရေးယူလည်း ပုဒ်မ ၁၇(၁) ဆို ထောင်ဒဏ် ၃ လ၊ ဒဏ်ငွေ ၂၀,၀၀၀၊ ပုဒ်မ ၆ အရဆို ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ်ပဲ ချလို့ရတယ်။ ဒီလိုအမှုမျိုးက ရှားပါတယ်။”

စစ်ကောင်စီတပ်အနေနဲ့ အခုလိုလုပ်တာဟာ သူတို့နဲ့မပူးပေါင်းတဲ့ လုံခြုံရေးကုမ္ပဏီတွေနဲ့ အသင်းအဖွဲ့တွေကို ခြိမ်းခြောက်ပြောဆိုလာတာဖြစ်ပြီး ငွေကြေးတိုးတောင်းချင်တာလည်း ဖြစ်နိုင်တယ်လို့ အသင်းအဖွဲ့တွေက ဝေဖန်ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013