
စပါးအသင်းနဲ့ ကစားသွားရမယ့် လိဂ်ဖလာဒုတိယအကျော့ပွဲစဉ်အတွက် အပြောင်းအလဲ လုပ်ဆောင်ဖို့ မလိုအပ်ကြောင်း လီဗာပူးနည်းပြ အာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ပထမ အကျော့တုန်းက ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အခုပွဲစဉ်မှာ နိုင်ပွဲရရှိမှသာ ဗိုလ်လုပွဲတက်ခွင့် မျှော်လင့်ချက်ရှိမှာပါ။
စပါးနဲ့ပွဲစဉ်အတွက် ထွေထွေထူးထူးပြင်ဆင်စရာမရှိဘဲ တခြားအသင်းနဲ့ပွဲစဉ်တွေအတိုင်း လေ့ကျင့်ပြင်ဆင်ရုံသာရှိကြောင်း၊ တခုတည်းသောနည်းလမ်းက အနိုင်ရဖို့သာဖြစ်ကြောင်း နည်းပြ စလော့ကပြောပါတယ်။
ပထမအကျော့ နောက်ဆုံးမိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေရဖို့ အခွင့် အရေးကောင်းတွေ ရရှိခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ကြောင်း၊ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာတော့ အနိုင်ရဖို့အတွက် မျှော်လင့်ထားကြောင်းနည်းပြစလော့က ပြောသွားပါတယ်။
လီဗာပူးအနေနဲ့ စပါးကို ကျော်ဖြတ်နိုင်မယ်ဆိုရင် အာဆင်နယ်ကို ကျော်ဖြတ်လာတဲ့ နယူးကာဆယ်နဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံရမှာဖြစ်ပါတယ်။
Photo: Reuters










