DVB Logo
Home
နိုင်ငံတကာ
ဂါဇာကို အမေရိကန်က လွှဲယူပြီး ပြန်လည်ထူထောင်မည်ဟု ထရမ့်ပ် အဆိုပြု
DVB
·
February 5, 2025
ဂါဇာကို အမေရိကန်က လွှဲယူပြီး ပြန်လည်ထူထောင်မည်ဟု ထရမ့်ပ် အဆိုပြု
Donate to DVB

ဂါဇာကမ်းမြောင်ကို အမေရိကန်က လက်လွှဲယူပြီး ပြန်လည်ထူထောင်ဖို့ လုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်​နေ့ သတင်းစာရှင်းလင်းပွဲမှာ  အဆိုပြုလိုက်ပါတယ်။ 

မပေါက်ကွဲသေးတဲ့ ဗုံးတွေ ဖယ်ရှားရေးလို လုပ်ငန်းတွေကို အမေရိကန်က ကောင်းကောင်း လုပ်နိုင်ပြီး ပါလက်စတိုင်းတို့ရဲ့ နယ်မြေကို "အရှေ့အလယ်ပိုင်းဒေသရဲ့ ကမ်းသာယာ" ဖြစ်အောင် စီးပွားရေးအရ ပြန်လည်ထူထောင်နိုင်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ပြန်လည်တည်ဆောက်နေချိန်မှာ ပါလက်စတိုင်းပြည်သူတွေကိုတော့ ဂါဇာပြင်ပမှာ ပြန်လည် နေရာချထားနိုင်တယ်လို့ပါ ဆိုပါတယ်။ ဒီအယူအဆကို အာရပ်နိုင်ငံတွေက အတိအလင်း ပယ်ချခဲ့ကြပြီး ဖြစ်ပါတယ်။

ထရမ့်ပ် ဒုတိယအကြိမ်သမ္မတဖြစ်အပြီးမှာ နေတန်ယာဟုဟာ အိမ်ဖြူတော်ကို ပထမဆုံး လာရောက်တဲ့ နိုင်ငံ့ခေါင်းဆောင်ပြီး ထရမ့်ပ်ရဲ့ အတွေးအခေါ်ဟာ စိတ်ဝင်စားစရာကောင်းပြီး ဖောက်ထွက် မြင်နိုင်စွမ်းရှိတယ်လို့  နေတန်ယာဟုက ချီးကျူးခဲ့ပါတယ်။ 

ထရမ့်ပ်က အဲဒီလို ပြောလိုက်ချိန်မှာ သတင်းစာရှင်းလင်းပွဲတက်တဲ့ သတင်းထောက်တွေပါ အကုန်လုံး မှင်တက်ကုန်တယ်လို့ ဘီဘီစီ သံတမန်ရေးသတင်းထောက် ပေါလ်အဒမ်က ဆိုပါတယ်။

အီရန်မှာ နျူကလီးယား မရှိသင့်ဘူးလို့လည်း ထရမ့်ပ်က ပြောပြီး အဏုမြူဗုံးသာ အီရန်က ထုတ်နိုင်ရင် မဖြစ်သင့်သာတွေ ဖြစ်ကုန်မယ်လို့ သတိပေးပါတယ်။ 

ဂါဇာက ပါလက်စတိုင်း ပြည်သူတွေကို ရွှေ့ပြီးရင် ဘယ်သူတွေ နေကြမှာလဲဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က ကမ္ဘာ့ပြည်သူတွေလို့ ပြောလိုက်တာကလည်း အငြင်းပွားစရာဖြစ်လာပါတယ်။

အမေရိကန်က ဘယ်လို အာဏာပိုင်ခွင့်နဲ့ ဂါဇာကို လက်လွှဲယူမှာလည်းဆိုတဲ့ မေးခွန်းကိုလည်း ထရမ့်ပ်က တိုက်ရိုက်မဖြေဘဲ "ကာလရှည်ပိုင်ဆိုင်မှု" ဖြစ်မယ်လို့ ပဲဖြေသွားပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013