DVB Logo
Home
မြန်မာသတင်း
Lion Battalion စစ်ကြောင်းက ဆေးမှူး တိုက်ပွဲတွင်ရခဲ့သည့် ဦးခေါင်းဒဏ်ရာဖြင့် ကွယ်လွန်
DVB
·
February 4, 2025
Lion Battalion စစ်ကြောင်းက ဆေးမှူး တိုက်ပွဲတွင်ရခဲ့သည့် ဦးခေါင်းဒဏ်ရာဖြင့် ကွယ်လွန်
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဦးခေါင်းဒဏ်ရာဟောင်းနဲ့ ကွယ်လွန်ခဲ့တဲ့ Lion Battalion စစ်ကြောင်းက ဆေးမှူး (ခ) ကိုချမ်းငြိမ်းကျော်ရဲ့ နာရေးအခမ်းအနားကို ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်က KNU တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ ဥက္ကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း ဦးခေါင်းကို လက်နက်ကြီးစ ထိမှန်ခံထားရပြီး ကျည်စ​ ဦးခေါင်းအတွင်း ကျန်ရှိနေရာက တော်လှန်ရေးအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေရင်း ဖေဖော်ဝါရီ ၁ ရက် ည ၁၂ နာရီလောက်က မဲ​ဆောက်မြို့မှာ ကွယ်လွန်ခဲ့တာပါ။

ရဲဘော်ဆေးမှူးနဲ့ နီးစပ်သူတ​ယောက်က “သူက ချေမှုန်းရေးသင်တန်းကော၊ ဆေးသင်တန်းကော တက်ရောက်ထားသူပါ။ အရမ်းနှမြောဖို့ကောင်းတယ်။ သူ့ရဲ့ ဦးခေါင်းဒဏ်ရာက ခွဲစိတ်ကုသဖို့ဆိုရင် အနည်းဆုံး ဘတ်ငွေ ၄ သိန်းလောက်ကုန်မှာ၊ ဆေးမကုသခင် သူတတ်ထားတဲ့ ဆေးပညာနဲ့ ဒဏ်ရာရလူနာတွေကို စောင့်ရှောင့်ပေးနေတာ။ ခုဆိုရင် အသက် ၃၇ နှစ်ပဲ ရှိသေးတယ်” လို့ DVB ကို ပြောပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ တော်လှန်ရေးအတွက် သူတတ်နိုင်တဲ့ဘက်က ပါဝင်ဆင်နွှဲခဲ့တဲ့အပြင် ရှေ့တန်းတိုက်ပွဲအတွင်း ဒဏ်ရာရလူနာတွေကို သူကိုယ်တိုင်တက်ဆွဲပြီး ဆေးကုပေးတာတွေ လုပ်ဆောင်ခဲ့ကြောင်း၊ မဲဆောက်မှာ ခေတ္တအနားယူချိန်မှာလည်း ဆေးကုသမှုခံယူနေတဲ့ ရဲဘော်တွေရဲ့ လူနာစောင့်အဖြစ် ကူညီလုပ်ပေးခဲ့တာကြောင့် တော်လှန်ရေးအတွက် တကယ်ကို တာဝန်ကျေပြွန်ခဲ့သူလို့ ဆိုပါတယ်။

ရဲဘော်ဆေးမှူးရဲ့ နာရေးကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူမှုရေး ပရဟိတအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ တက်ရောက်ပြီး နာရေးပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013