DVB Logo
Home
နိုင်ငံတကာ
DeepSeek ကို အီတလီ၊ ထိုင်ဝမ်၊ အမေရိကန် ဌာနအချို့ အသုံးပြုခွင့်ပိတ်
DVB
·
February 4, 2025
DeepSeek ကို အီတလီ၊ ထိုင်ဝမ်၊ အမေရိကန် ဌာနအချို့ အသုံးပြုခွင့်ပိတ်
Donate to DVB

တရုတ် AI ကုမ္ပဏီ DeepSeek အသုံးပြုမှုကို ထိုင်ဝမ်၊ အီတလီနိုင်ငံတို့ရဲ့ အစိုးရဌာနတွေမှာ အသုံးပြုခွင့် ပိတ်ပင်ထားသလို အမေရိကန်မှာလည်း လွှတ်တော်၊ တက္ကဆက်ပြည်နယ်၊ အမေရိကန်ရေတပ်၊ ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာတို့မှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

ဇန်နဝါရီ ၁၀ ရက်က စတင်မိတ်ဆက်ခဲ့တဲ့ DeepSeek ကို Google Searches မှာ နေ့စဉ် ရှာဖွေသူနဲ့ App Download ဆွဲသူ ၇ သန်းအထိ စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

အချိန်တိုအတွင်း ကမ္ဘာတဝန်းလုံးမှာ သုံးစွဲသူ ၆ သန်းကျော် ရှိလာခဲ့ပါတယ်။ Apple ရဲ့ App Store မှာလည်း DeepSeek က ChatGPT ကို ကျော်ပြီး ပထမနေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမဲ့ DeepSeek ရဲ့ ကျင့်ဝတ်၊ ကိုယ်ရေးအချက်အလက်နဲ့ လုံခြုံမှုဆိုင်ရာတွေက စိုးရိမ်စရာရှိလို့ အသုံးပြုခွင့်ပိတ်ပင်တဲ့ နိုင်ငံတွေနဲ့ အစိုးရတွေ တိုးလာပါတယ်။

Deepseek ကို အသုံးပြုတဲ့အတွက် အချက်အလက်တွေ တရုတ်အစိုးရဆီကို ပေါက်ကြားမှာကိုလည်း စိုးရိမ်လာကြတာ ဖြစ်ပါတယ်။

DeekSeek အသုံးပြုသူတွေရဲ့ အချက်အလက်တွေအားလုံး တရုတ်နိုင်ငံမှာ ရှိတဲ့အတွက် အသုံးပြုမှုတွေ ပိတ်ပင်လာတာ ဖြစ်ပါတယ်။

DeekSeek အသုံးပြုခွင့် ပိတ်ပင်တဲ့ ပထမဆုံးနိုင်ငံက အီတလီနိုင်ငံ ဖြစ်ပါတယ်။ ဇန်နဝါရီလကုန်က အီတလီနိုင်ငံရဲ့ ဒေတာအချက်အလက်ကာကွယ်ရေး အာဏာပိုင်တွေက DeekSeek ရဲ့ ဒေတာ ထိန်းသိမ်းထားမှုကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

DPA အဖွဲ့က မေးထားတဲ့ မေးခွန်းကို ပြန်ဖြေဖို့ DeekSeek ကို ရက်ပေါင်း ၂၀ အချိန်ပေးခဲ့တာ တွေ့ရပါတယ်။

မေးထားတဲ့ မေးခွန်းတွေထဲမှာ DeekSeek ဟာ ဒေတာတွေကို ဘယ်လိုသိမ်းထားတယ်၊ ဘယ်နေရာမှာ သိမ်းထားတယ်၊ ဒီဒေတာတွေကို ဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းတွေ ပါဝင်ပါတယ်။

DeekSeek က သူ့ App ဟာ ဥရောပရဲ့ ဥပဒေထဲမှာ အကျုံးမဝင်ဘူးလို့ ပြောခဲ့တဲ့အတွက် အီတလီရဲ့ DPA အဖွဲ့က DeekSeek ရဲ့ အဖြေကို လုံးဝသဘောမတူခဲ့ပါဘူး။

အဲဒီနောက် အီတလီနိုင်ငံမှာရှိတဲ့ Apple Store နဲ့ Google Store တို့မှာ DeekSeek ကို ဖယ်ရှားပစ်ခဲ့ပါတယ်။

တရုတ်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ ထိုင်ဝမ်နိုင်ငံမှာလည်း DeepSeek ဟာ အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရဌာနတွေမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

ထိုင်ဝမ် ဒစ်ဂျစ်တယ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အချက်အလက် ပေါက်ကြားမှုနဲ့ နယ်စပ်ဖြတ်ကျော်ကူးပြောင်းမှုတွေ အန္တရာယ်ရှိတယ်လို့ ပါရှိပါတယ်။

ဒါ့ကြောင့် ထိုင်ဝမ်အစိုးရဟာ အစိုးရဌာနတွေ အပါအဝင် ကျောင်းတွေနဲ့ အစိုးရပိုင် လုပ်ငန်းတွေမှာလည်း အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်၊ ပြင်သစ်၊ အိုင်ယာလန်၊ တောင်ကိုရီးယားနိုင်ငံတို့ကလည်း ဒေတာအချက်အလက် ကာကွယ်ရေးအတွက် DeekSeek ကို မေးမြန်းမှုတွေ ပြုလုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013