DVB Logo
Home
နိုင်ငံတကာ
နာမည်ကြီး ထိုင်ဝမ်ရုပ်ရှင်မင်းသမီး ဘာဘီဆူး တုပ်ကွေးရောဂါဖြင့် ကွယ်လွန်
DVB
·
February 4, 2025
နာမည်ကြီး ထိုင်ဝမ်ရုပ်ရှင်မင်းသမီး ဘာဘီဆူး တုပ်ကွေးရောဂါဖြင့် ကွယ်လွန်
Donate to DVB

ပထမဆုံး F4 ဇာတ်ကားလို့ ဆိုနိုင်တဲ့ ၂၀၀၁ ခုနှစ်မှာ ရိုက်ခဲ့တဲ့ Meteor Garden ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင် ထိုင်ဝမ်မင်းသမီး ဘာဘီဆူးဟာ အသက် ၄၈ နှစ်အရွယ်မှာ တုပ်ကွေးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

၂၀၀၁ မှာ ဆူးက Meteor Garden အမည်နဲ့ ရိုက်တဲ့ကားမှာ ပါဝင်ခဲ့ပြီး ဂျပန်မှာ ၂၀၀၅၊ ကိုရီးယားမှာ Boys over Flower အမည်နဲ့ ၂၀၀၉ တို့မှာ ရိုက်ကူးခဲ့ဖူးပါတယ်။

၂၀၁၈ မှာလည်း ထိုင်ဝမ်ကပဲ Meteor Garden အမည်နဲ့ ဒီကားကို ပြန်ရိုက်ထားပြီး ၂၀၂၂-၂၃ မှာ ထိုင်းကလည်း ပြန်ရိုက်ထားပါတယ်။

ဆူးဟာ တရုတ်နှစ်ကူးကာလ မိသားစုနဲ့အတူ ဂျပန်မှာ ခရီးထွက်နေတဲ့အချိန်မှာ တုပ်ကွေးနဲ့ နမိုးနီးယားဖြစ်ပြီး ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။

ဆူးဟာ တရုတ်မှာ “Big S” လို့ ထင်ရှားပြီး ညီမဖြစ်သူ သရုပ်ဆောင် ဒီးဆူးက “Small S” လို့ ထင်ရှားပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဆူး ကွယ်လွန်သွားမှုဟာ တရုတ်စကားပြော အနုပညာလောကမှာ တုန်လှုပ်စရာ ဖြစ်ခဲ့ရပါတယ်။

၁၉၉၄ မှာ ညီမဖြစ်တဲ့သူနဲ့အတူ S.O.S ပေါ့ပ်ဂီတအဖွဲ့ကို ထူထောင်ခဲ့ပေမဲ့ Meteor Garden ဇာတ်ကားနဲ့ ပိုထင်ရှားပါတယ်။

နောက်ပိုင်းမှာ variety shows တွေ စီစဉ်တင်ဆက်တာ၊ ကြော်ငြာရိုက်ကူးတာတွေကို ပိုအာရုံစိုက်ခဲ့ပါတယ်။

သက်သတ်လွတ်စားတာ ၂၆ နှစ်ရှိပြီဖြစ်ပြီး တရုတ်မှာ တိရစ္ဆာန်အခွင့်အရေးကာကွယ်ရေးအဖွဲ့  PETA အတွက် လှုံ့ဆော်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းရှင် ဝမ်ရှောင်ဖေနဲ့ ၁၁ နှစ်ကြာ အိမ်ထောင်ရေး ပြတ်စဲခဲ့အပြီးမှာ ကိုရီးယားရက်ပ်ပါ “DJ Koo” နဲ့ လက်ထပ်ထားတာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ရင်သွေး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013