DVB Logo
Home
နိုင်ငံတကာ
ရုရှားနှင့် ယူကရိန်း အပြန်အလှန် စစ်သုံ့ပန်းကွပ်မျက်မှု ကုလ စိုးရိမ်
DVB
·
February 4, 2025
ရုရှားနှင့် ယူကရိန်း အပြန်အလှန် စစ်သုံ့ပန်းကွပ်မျက်မှု ကုလ စိုးရိမ်
Donate to DVB

ရုရှားလက်နက်ကိုင်တပ်တွေက ဖမ်းဆီးရမိထားတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေကို ကွပ်မျက်မှု များလာတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ စိုးရိမ်တဲ့အကြောင်း  ထုတ်ပြန်ပါတယ်။

ကုလလူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှုမစ်ရှင်ရဲ့ အစီရင်ခံစာအရ ၂၀၂၄ သြဂုတ်လကစလို့ မတူညီတဲ့ဖြစ်စဉ် ၂၄ ခုမှာ ယူကရိန်းစစ်သား ၇၉ ယောက်ကို ကွပ်မျက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ရုရှားစစ်တပ်လက်ထဲ အညံ့ခံလိုက်တာ ဒါမှမဟုတ် အဖမ်းခံခဲ့ရတဲ့ ယူကရိန်းစစ်သား အများအပြားကို ချက်ချင်းပစ်သတ်ခဲ့ကြတယ်”လို့ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ သိရပါတယ်။

ဒါပေမဲ့ ယူကရိန်းဘက်ကလည်း ဒဏ်ရာရပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့တဲ့ရုရှားစစ်သား တယောက်အပေါ် ကွပ်မျက်ခဲ့တဲ့ဖြစ်ရပ်ကိုပါ ကုလမစ်ရှင်အနေနဲ့ မှတ်တမ်းတင်ထားပါတယ်။

အခုလိုမျိုး နှစ်ဖက်စလုံးက ထုတ်ပြန်လာတဲ့ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေ၊ ရုပ်အလောင်းတွေနဲ့ အခင်းဖြစ်ရာကို မှတ်တမ်းတင်ခဲ့တဲ့အပြင် မျက်မြင်သက်သေတွေနဲ့ပါ တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ကုလမစ်ရှင်က အတည်ပြုပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းအပေါ်  ရုရှားရဲ့ အလုံးစုံကျူးကျော်မှု စတင်ခဲ့ပြီးနောက် ဖမ်းမိလာတဲ့ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာမျိုး အပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်ဆိုပြီး နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲထားပါတယ်။

လွန်ခဲ့တဲ့လမှာလည်း ဒွန်နတ်ခ်စ်မြို့အတွင်း ရုရှားစစ်သားတွေက ယူကရိန်းစစ်သား ၆ ယောက်ကို ကွပ်မျက်နေတဲ့ ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာခဲ့ပြီးနောက် ယူကရိန်းရှေ့နေချုပ်ရုံးအနေနဲ့ ရုရှားနိုင်ငံအပေါ် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတခု စတင်ခဲ့ပါတယ်‌ေ

“စစ်သုံ့ပန်းတွေကို ပစ်သတ်တာက ဂျီနီဗာသဘောတူညီချက်အပေါ် ဆိုးရွား​တဲ့ချိုးဖောက်မှုဖြစ်ပြီး ကြီးလေးပြင်းထန်တဲ့ နိုင်ငံတကာရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတယ်” လို့  ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

လက်ရှိအချိန်အထိ ဖြစ်ပွားနေတဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းနဲ့ ရုရှား အရပ်သား ၁၂,၃၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂက ထောက်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013