DVB Logo
Home
နိုင်ငံတကာ
USAID ကို ပိတ်သိမ်းရန် အီလွန်မတ်စ် ကြီးကြပ်၊ ရုံးချုပ်ကို ဝန်ထမ်းများပေးမဝင်
DVB
·
February 4, 2025
USAID ကို ပိတ်သိမ်းရန် အီလွန်မတ်စ် ကြီးကြပ်၊ ရုံးချုပ်ကို ဝန်ထမ်းများပေးမဝင်
Donate to DVB

ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) ရုံးချုပ်ကို ဝန်ထမ်းတွေ ပေးမဝင်ဘဲ ဒုတိယမြောက်နေ့အဖြစ် ပိတ်ထားမှာဖြစ်တယ်လို့ ထရမ့်ပ်အစိုးရက ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ USAID ကို ပိတ်သိမ်းရေးကို အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ကို ဦးဆောင်တဲ့ အီလွန်မက်စ်က ကြီးကြပ်နေတယ်လို့ အိမ်ဖြူတော်အကြီးတန်းတာဝန်ရှိသူတယောက်က ရိုက်တာကို ပြောပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ USAID ကို နိုင်ငံခြားရေးဌာနနဲ့ ပေါင်းပစ်လိုက်ဖို့ စဉ်းစားနေပြီး ဒီဌာနရဲ့ ထိရောက်မှုကို ကြီးကြပ်ဖို့ အီလွန်မတ်စ်ကိုတာဝန်ပေးထားတယ်လို့ အမည်မဖော်တဲ့ အဆိုပါပုဂ္ဂိုလ်က အတည်ပြုပါတယ်။

USAID ရုံးချုပ်ရှေ့မှာတော့ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်တွေ၊ တာဝန်ကဆိုင်းငံ့ခံရတဲ့ ဝန်ထမ်းတွေ ဆန္ဒပြနေကြပါတယ်။

ဝန်ထမ်းတွေကို တနင်္လာနေ့ကတည်းက ရုံးချုပ်ထဲ ပေးမဝင်တော့တာလို့  ရိုက်တာက ဖတ်ရှုခွင့်ရတဲ့ ရုံးတွင်း အီးမေးလ်အရသိရပါတယ်။ နောက်အီးမေးလ်တစောင်မှာတော့ ရုံးချုပ်နဲ့ ဝါရှင်တန်က နောက်ထပ်ရုံးခွဲတခုက ဝန်ထမ်းတွေ ရုံးမလာဘဲ အဝေးကပဲလုပ်ကြဖို့ ညွှန်ကြားထားပါတယ်။

အမေရိကန်အောက် လွှတ်တော်အမတ် ဂျေမီရက်စ်ကင်က "ကျုပ်တို့မှာ အီလွန်မတ်စ်လို့ခေါ်တဲ့ အစိုးရစတုတ္ထမဏ္ဍိုင် မရှိဘူး"လို့ ရုံးချုပ်အဆောက်အအုံရှေ့မှာပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ် တက်လာအပြီးမှာ အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီ အများစုကို ရပ်ဆိုင်းလိုက်တဲ့အတွက် USAID ရဲ့ ရာနဲ့ချီတဲ့ အစီအစဉ်တွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ ထရမ့်ပ်က အမေရိကပထမ မူဝါဒနဲ့ ကိုက်ညီတဲ့ အကူအညီတွေကိုသာ ဆက်ပေးမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013