DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ရန်စမှုများကို အပြင်းအထန် တုံ့ပြန်မည်ဟု မြောက်ကိုရီးယား ပြော 
DVB
·
February 3, 2025
အမေရိကန် ရန်စမှုများကို အပြင်းအထန် တုံ့ပြန်မည်ဟု မြောက်ကိုရီးယား ပြော 
Donate to DVB

မြောက်ကိုရီးယားကို ဆိုးယုတ်တဲ့နိုင်ငံလို့ မီဒီယာအင်တာဗျူးတခုမှာ ပြောဆိုခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကို မြောက်ကိုရီးယားအစိုးရက ဖေဖော်ဝါရီ ၃ ရက်မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ရူဘီအိုရဲ့ မှတ်ချက်တွေက အမေရိကန်အကျိုးစီးပွားကို အထောက်အကူမပြုဘူးလို့လည်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ပြောလိုက်ပါတယ်။

ရန်လိုတဲ့ အမေရိကန်ရဲ့ ရန်စမှုတွေကို အပြင်းအထန် တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး KCNA က ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်ကို ဇန်နဝါရီ ၂၀ ရက်က ပြန်ရောက်လာပြီးတဲ့ နောက်ပိုင်း ထရမ့်ပ်ရဲ့အစိုးရကို မြောက်ကိုရီးယားက ပထမဆုံးဝေဖန်မှုဖြစ်တယ်လို့ တောင်ကိုရီးယားအခြေစိုက် ယုံဟပ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေး အစီအမံသစ်ကို ရှုတ်ချခဲ့ပြီး ကိုယ်ပိုင်စစ်အင်အားကို အားကောင်းစေဖို့ မြောက်ကိုရီးယားအတွက် လိုအပ်တယ်လို့ ပြောခဲ့တဲ့အကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ထရမ့်ပ်ဟာ ‘American Iron Dome’၊ ပဲ့ထိန်းဒုံးကျည်၊ အသံထက်မြန်တဲ့ ဒုံးကျည်၊ ခရုဇ်ဒုံးကျည်နဲ့ တခြားလေကြောင်းတိုက်ခိုက်မှုပုံစံတွေကို ကာကွယ်ပစ်ချနိုင်တဲ့ မျိုးဆက်သစ် အမေရိကန် ဒုံးကျည်ကာကွယ်ရေး အကာအရံတခုကို တီထွင်ဖို့ လုပ်ငန်းစဉ်တရပ်ကို ပြီးခဲ့တဲ့သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013