DVB Logo
Home
နိုင်ငံတကာ
အမြင်မတော်ဝတ်စုံကြောင့် ရက်ပ်ပါ ကာညေးဝက်စ် စုံတွဲ ဂရမ်မီ ဆုပေးပွဲမှ မောင်းထုတ်ခံရ
DVB
·
February 3, 2025
အမြင်မတော်ဝတ်စုံကြောင့် ရက်ပ်ပါ ကာညေးဝက်စ် စုံတွဲ ဂရမ်မီ ဆုပေးပွဲမှ မောင်းထုတ်ခံရ
Donate to DVB

ရက်ပ်ပါ ကာညေးဝက်စ်ဟာ ဇနီးသည်  ဘီယန်ကာ ဆန်ဆိုရီရဲ့ ဖောက်ထွင်းမြင်ရတဲ့ ဝတ်စုံကြောင့် ဂရမ်မီဆုပေးပွဲကနေ မောင်းထုတ်ခံရတယ်လို့ The Sun သတင်းက ဖော်ပြပါတယ်။

ဘီယန်ကာဟာ အပေါ်မှာခြုံလာတဲ့ ကုတ်အင်္ကျီကို ချွတ်ချလိုက်ချိန်ပြီး  လုံးဝ ကိုယ်လုံးတီးနီးပါးလို ဖောက်ထွင်းမြင်ရတဲ့ ဝတ်စုံနဲ့ ကော်ဇောနီမှာ ဓာတ်ပုံရိုက်ခံခဲ့တာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်တယောက်ကတော့  သူတို့နှစ်ယောက်စလုံးကို ဆုပေးပွဲ ဖိတ်မထားတဲ့အတွက် မောင်းထုတ်ခံရတာလို့ ဗြိတိန် The Sun သတင်းစာရဲ့ အမေရိကန်ဌာနခွဲကို ပြောပါတယ်။

နောက်ရင်းမြစ်တယောက်ကတော့ ဆန်ခါတင်စာရင်းမှာ ဝက်စ်လည်း ပါတာကြောင့် သူ့မှာ ပွဲတက်လက်မှတ်ရှိနေပြီး အစကတည်းက ဓာတ်ပုံရိုက်ပြီးရင် ပြန်ဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။

ကော်ဇောနီမှာ လမ်းလျှောက်ဓာတ်ပုံရိုက်ခံအပြီးမှာ အငြင်းပွားဖွယ်ရာတွေ လုပ်လေ့ရှိတဲ့ ရက်ပ်ပါကို ရဲကခေါ်ထုတ်သွားတဲ့ ပုံရိပ်တွေ ထွက်လာခဲ့ပါတယ်။ ဒါဟာ ဇနီးသည်ရဲ့ဝတ်စုံကြောင့် ဖြစ်မယ်လို့ အများက ယုံကြည်ခဲ့ပါတယ်။

အခြားသတင်းရင်းမြစ်တယောက်ကတော့ ကာညေးဝက်စ်ဟာ ကန်ထုတ်ခံရလည်း ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံနဲ့ ဓာတ်ပုံလာရိုက်တာဖြစ်ပြီး ရိုက်ပြီးတာနဲ့ သူ့ပါတီပွဲကို ထွက်သွားတာလို့ ဆိုပါတယ်။

ကာညေးဝက်စ်ဟာ သူ့ဇနီး ဘီယန်ကာကို ဒီလိုဝတ်စုံတွေ ဝတ်ပေးပြီး လူမြင်ကွင်းထွက်တဲ့အတွက် မကြာခဏ ပြဿနာတက်လေ့ ရှိပါတယ်။

ဂရမ်မီဆုချီးမြှင့်တဲ့ Recording Academy နဲ့လည်း မကြာခဏ ပြဿနာတက်လေ့ရှိပြီး သူ့ ဂရမ်မီဆု ၂၁ ဆုထဲက တဆုအပေါ် ကျင်ငယ်စွန့်ပြတဲ့ ဗီဒီယို မျှဝေခဲ့ဖူးပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013