DVB Logo
Home
မြန်မာသတင်း
လူငယ်များ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် ကရင်အမျိုးသားတော်လှန်ရေးနေ့တွင် KYO တိုက်တွန်း
DVB
·
January 31, 2025
လူငယ်များ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် ကရင်အမျိုးသားတော်လှန်ရေးနေ့တွင် KYO တိုက်တွန်း
Donate to DVB

ဇန်နဝါရီ ၃၁ ရက် ကျရောက်တဲ့ ၇၆ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ကရင်လူငယ်အစည်းအရုံး (KYO) က ဖျက်သိမ်းပြီးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်က စစ်အာဏာရှင် သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲကို လူငယ်လူထုအနေနဲ့ နိုင်တဲ့ဘက်ကနေ ဆန့်ကျင်တိုက်ခိုက်ဖို့လိုတယ်လို့ သတင်းစကားပါးလိုက်ပါတယ်။

ကရင်အမျိုးသားအနေနဲ့ တော်လှန်တိုက်ပွဲဝင်လာတာ ၇၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ကရင်အမျိုးသား တော်လှန်ရေးသည် ကရင်အမျိုးသား လွတ်မြောက်ရေးအပြင် တခြားသော တိုင်းရင်းသား၊ ဘဝတူ ညီနောင်တိုင်းရင်းသားတွေလည်း လွတ်မြောက်ဖို့အတွက် ဖော်ဆောင်နေတဲ့ တိုက်ပွဲတခု ဖြစ်တယ်လို့ ကရင်လူငယ်အစည်းအရုံး (KYO) က ဆိုပါတယ်။

ကရင်လူငယ်အစည်းအရုံး (KYO) ရဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဖြစ်တဲ့ စောအယ်ထီးကော်က “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင်လည်း စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့အတွက် ဒီဖွဲ့စည်းပုံအောက်မှာ အာဏာပြန်ရယူဖို့အတွက် အာဏာတည်ဆောက်ဖို့ ရွေးကောက်ပွဲလုပ်တဲ့ ပုံစံမျိုးဆိုရင်တော့ ကျနော်တို့ရဲ့ ပဋိပက္ခကို ပိုပြီး ရှည်လျားစေတဲ့ ပုံစံမျိုးပဲ ဖြစ်လာလိမ့်မယ်လို့ ကျနော်တော့ မြင်တယ်ခင်ဗျ။ လက်ရှိ ပကတိအခြေအနေကို ကြည့်ခြင်းအားဖြင့်လည်း ကျနော်တို့ နိုင်ငံမှာလည်း တချို့သော နိုင်ငံရေးပါတီ အစုအဖွဲ့တွေ အများကြီး ရှိတဲ့အ‌ပေါ်မှာ တချို့သော ၂၀၀၈ အောက်မှာ စစ်ကောင်စီရဲ့ အလိုကျ ရွေးကောက်ပွဲတွေ ကျင်းပ လုပ်ဆောင်ဖို့ ဆိုတာတွေ တွေ့မြင်နေရတယ်၊ ကြားနေရတယ်။ ဒါတွေကို အကောင်အထည်‌ဖော်ဖို့အတွက်လည်း သူတို့ တိုင်ပင်ဆွေးနွေးနေတဲ့အပေါ်မှာ တိုင်းပြည်အတွက် စိုးရိမ်စရာ အခြေအနေတရပ်လို့ပဲ ကျနော်မြင်တယ်။ လူငယ်လူထုအနေနဲ့လည်း ဒါတွေကို ကျနော်တို့တို့ နိုင်တဲ့ဘက်ကနေ ဆန့်ကျင်တိုက်ခိုက်ဖို့ လိုတယ်” လို့ ကရင်အမျိုးသား တော်လန်ရေးနေ့အတွက် သတင်းစကားပါးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လူငယ်တွေကို မတရား စစ်မှုထမ်းခိုင်းနေမှုကို လူငယ်တွေအနေနဲ့ သက်ဆိုင်ရာ နီးစပ်တဲ့ တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့ အစုအဖွဲ့အသီးသီးမှာ ခိုလှုံပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးနိုင်ဖို့အတွက် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ဖို့အတွက် တိုက်တွန်းခဲ့ပါသေးတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း ၇၆ နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ မိန့်ခွန်းမှာ စစ်ကောင်စီက အာဏာတည်မြဲရေးနဲ့ နိုင်ငံတကာမှာ တရားဝင် အစိုးရအနေနဲ့ အသိအမှတ်ပြုခံနိုင်ဖို့ ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013