DVB Logo
Home
နိုင်ငံတကာ
ဂါဇာမှ ကလေး ၂,၅၀၀ ကို ချက်ချင်းရွှေ့ပြောင်းပေးရန် ကုလအကြီးအကဲ တောင်းဆို
DVB
·
January 31, 2025
ဂါဇာမှ ကလေး ၂,၅၀၀ ကို ချက်ချင်းရွှေ့ပြောင်းပေးရန် ကုလအကြီးအကဲ တောင်းဆို
Donate to DVB

အစ္စရေးမှာ ကုလသမဂ္ဂ ပါလက်စတိုင်း ကယ်ဆယ်ရေးအေဂျင်စီ (UNRWA) ကို တားမြစ်ချက် စတင်အသက်ဝင်လာခဲ့တာကြောင့် ဇန်နဝါရီ ၃၀ ရက်မှာ အေဂျင်စီဟာ ဂါဇာကမ်းမြောင်၊ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်တို့ရှိ သူတို့ဝန်ဆောင်မှုပေးနေတဲ့ ရပ်ရွာတွေကို အကူအညီတွေနဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးပို့နေကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ပြောပါတယ်။

“UNRWA က အရှေ့ဂျေရုဆလင် အပါအဝင် သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းတလျှောက် UNRWA ဆေးခန်းတွေကို ဖွင့်လှစ်ထားပြီး တချိန်တည်းမှာပဲ သူတို့လုပ်ငန်းတွေနဲ့အတူ ဂါဇာမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို ဆက်လုပ်ဆောင်နေကြောင်းနဲ့ UNRWA ဟာ အဲဒီမှာ ဆက်လက်နေထိုင်ပြီး အကူအညီတွေ ဆက်ပေးအပ်သွားဖို့ သန္နိဋ္ဌာန်ချထားကြောင်း” ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဂါဇာမှာ စစ်ပွဲကာလ တလျှောက်လုံး စေတနာ့ဝန်ထမ်း လုပ်ဆောင်ခဲ့ကြတဲ့ အမေရိကန်ဆရာဝန် ၄ ယောက်နဲ့ တွေ့ဆုံခဲ့ချိန်မှာ မကြာမီ သီတင်းပတ်တွေအတွင်း ကလေးငယ်တွေ သေဆုံးနိုင်ခြေရှိနိုင်ကြောင်း ရည်ညွှန်း သက်သေခံ ပြောဆိုချက်တွေကြောင့် ကြာသပတေးနေ့မှာ ဂူတာရက်စ်ဟာ ဂါဇာကမ်းမြောင်ဒေသက ကလေး ၂,၅၀၀ ကို ဆေးကုသမှု ခံယူဖို့အတွက် ချက်ချင်း ရွှေ့ပြောင်းပေးဖို့ တောင်းဆိုခဲ့ပြီး သူ့ရဲ့ လူမှုစာမျက်နှာ X မှာလည်း ပို့စ်တင်ထားပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်တို့ကြား ၁၅ လကြာ ဂါဇာစစ်ပွဲကြောင့် လူပေါင်း ၂ သန်းကျော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို ဆုံးရှုံးစေခဲ့ပါတယ်။

လူနာ ၁၂,၀၀၀ ကျော်ဟာ ဆေးဘက်ဆိုင်ရာအရ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ စောင့်ဆိုင်းနေကြပြီး ဇန်နဝါရီ ၁၉ ရက်က စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအောက်မှာ အရှိန်မြှင့်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013