DVB Logo
Home
အားကစား
ယူရိုပါလိဂ်လူစာရင်းမှ ချန်လှပ်ခံရသည့် ရက်ရှ်ဖို့ဒ် အသင်းပြောင်းရန် နီးစပ်လာ
DVB
·
January 30, 2025
ယူရိုပါလိဂ်လူစာရင်းမှ ချန်လှပ်ခံရသည့် ရက်ရှ်ဖို့ဒ် အသင်းပြောင်းရန် နီးစပ်လာ
Donate to DVB

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ယူရိုပါလိဂ်ပွဲစဉ်ကစားမယ့် အသင်းလူစာရင်းကနေ ထပ်မံ ချန်လှပ်ခံခဲ့ရလို့ အသင်းပြောင်းရွှေ့ဖို့ကိစ္စ ပိုမိုနီးစပ်လာပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ နည်းပြအာမိုရင်နဲ့ အဆင်မပြေဖြစ်နေပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက် နောက်ပိုင်းမှာ ပွဲကစားခွင့် မရရှိတော့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်း ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပေမဲ့ ပွဲကစားမယ့် အသင်းလူစာရင်းကနေ ဆက်လက်ချန်လှပ်ခံခဲ့ရတာပါ။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ နောက်ဆုံး ၁၂ ပွဲဆက်တိုက် လွဲချော်ခဲ့သူဖြစ်ပြီး အသင်းပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။

လတ်တလောသတင်းတွေအရတော့ ဘာစီလိုနာအသင်း အပါအဝင် စပါး၊ ဝက်စ်ဟမ်း၊ ဂျူဗင်တပ်၊ နာပိုလီနဲ့ ဂါလာတာစာရေး အသင်းတွေက ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

Photo : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013